(6) +Unicode

18.7K 1.2K 18
                                    

Wang Talu ပြန်သွားသည်ကို ရှောင်းကျန့်တိုက်ခန်းပေါ်ကတချက်ကြည့်လိုက်၏

"အ, လိုက်တာ.." လိုက်ကာကို ပိတ်ပြီး ဆိုဖာပေါ်ထိုင်ကာ ဖုန်းကို ပြန်ဖွင့်လိုက်၏..

Noti offထားသော yibo ရဲ့ message တွေကို ဖွင့်ကြည့်လိုက်မှ အဲ့ကောင်လေးသူ့အား မဆက်သွယ်သည်မှာ ၃ရက်လောက်ရှိပြီ
ပြသနာရှာတော့လဲ သူ့ခေါင်းပေါ်ပဲရောက်လာသည်

"ဒီကောင်လေးဘာတွေကြံနေတာလဲ"

ရှပ်ခနဲခြေသံသဲ့သဲ့ကြားတော့ ကြက်သီးဖြန်းခနဲထသွားသည်..ထိုခြေသံကသူ့ဆီဦးတည်လာနေတာအရင်ကလဲ stalker ဖန်တွေ သူ့အိမ်ထဲခိုးဝင်ဖူးတော့ ရှောင်းကျန့် အရမ်းလန့်ပြီး မလှုပ်ရဲ..ဘာလုပ်ရမှန်းမသိသဖြင့်နီးရာ ဝိုင်ပုလင်းသာလှမ်းဆွဲလိုက်သည်
ဘယ်အချိန်က ဝင်လာတာလဲမသိဘူး Talu သေချာတံခါးမပိတ်ခဲ့ဘူးလား..

ထိုခြေသံနီးကပ်လာနေပြီ..သို့သော် နှာခေါင်းဝသို့အင်မတန်မှ ရင်းနှီးသည့် အနံ့သင်းသင်းလေးတခု ဝင်လာ၏..ရှောင်းကျန့်မရဲတရဲနဲ့လှည့်ကြည့်လိုက်တော့..

သူ့ဆီကိုခုန်ဝင်ပြီး နောက်ကသိုင်းဖက်ကာ လည်ပင်းမှခေါင်းလာအပ်တဲ့လူကြောင့် ဘာမှမပြောနိုင်တော့

"ဝမ်ရိပေါ်..."

ရိပေါ်၏လက်တို့သည် သူ့ကိုဖတ်ထားသည်မှာပိုတင်းကြပ်လာသည်..

"ရိပေါ် ငါအသက်ရှူမရတော့ဘူး"

သူမျက်ရည်တွေ ဝေ့တက်လာသည်တိုင် ရိပေါ်သူ့ကိုလွှတ်မပေးသေး

"မင်း..အာ့ လွှတ်" ရှောင်းကျန့်ရှိသမျှအားသုံးပြီး ကိုယ့်ဘာသာရုန်းထွက်လိုက်ရသည်..ရိပေါ်ရင်ခွင်နဲ့လွတ်သွားတော့ဟာတာတာဖြစ်သလို

ရိပေါ်မျက်နှာကို ကြည့်လိုက်တော့ မျက်ဝန်းတွေကနီရဲနေပြီး မျက်နှာက ခရီးပန်းလာပုံနဲ့ ပိုဆိုးတာက ယူကြုံးမရခြင်းအငွေ့အသက်တွေလွှမ်းနေတဲ့ မျက်နှာ..မျက်ဝန်းထောင့်ကဖျက်ခနဲကျသွားသောမျက်ရည်စ..

"မင်း ဘယ်တုန်းကရောက်နေတာလဲ"

" ခုနကပါ..အပြင်ကတံခါးပွင့်တာတောင် မသိရှာဘူးလား ကောကတော့နော်.."
ရိပေါ် ခပ်သဲ့သဲ့ရယ်ကာ အားယူပြီးပြုံးပြ၏..

The Meaning of You In My Life Where stories live. Discover now