ဆေးရုံကိုပဲ လာခေါ်နော် ကော
ရိပေါ် ရဲ့ message လေးကို ဖတ်ပြီးရှောင်းကျန့်ပြုံးလိုက်မိတယ်။
အပြင်ထွက်လိုက်တော့ လေလေးက လက်ဆက်နေသည်။Autumnအကုန် ထဲမှာမို့ ချမ်းစိမ့်စိမ့်ဖြစ်နေတာကြောင့် Long coatပွပွတွင် ဆွယ်တာ turtle neckကို ဝတ်ဆင်လာခဲ့ပေမယ့် နေမကောင်းသေးသည့် ရိပေါ်အတွက် မာဖလာတစ်ထည် လိုရမယ်ရယူလာခဲ့သည်။သူ အရင်ရက်က အားတော့ စိတ်ပေါက်ပေါက်နဲ့ မာဖလာထိုးနေတာ။ ဒါပေမဲ့ ရည်ရွယ်ထားတာကတော့ တစ်ဦးထဲအတွက်ပါပဲ။
အနီတောက်တောက်သိုးမွေးပုံလေးကြားမှာ မုန်လာဥလေးလို ဖြူဥနေမယ့် သူ့ကလေးရဲ့ မျက်နှာကိုပြေးမြင်မိရင်း ထပ်ပြုံးရပြန်တယ်။
ဆေးရုံရောက်တော့ ရိပေါ်ကို သူ့အခန်းထဲမှာ မတွေ့ဘူး။အိမ်တော်ထိန်းပြောတာကတော့ ဆေးရုံအပြင် စင်္ကြန်မှာ လမ်းလျှောက်နေတာတဲ့။
အေးနေတာကို ဒီကောင်လေးကတော့
မြစ်ကမ်းဘေးနားမှာ ဆောက်ထားတဲ့ဆေးရုံမို့ ဥယျာဉ်လမ်းတွေကနေကြည့်လိုက်ရင် မြစ်ကိုလှမ်းမြင်ရတယ်..လျှောက်လမ်းတွေကိုတော့ မေပယ်လ်ပင်တွေနဲ့ ဝန်းရံထားတယ်။ တဖက်မှာတော့ ginkgoပင်တွေပေါ့..autumn မို့ ဝါတောက်တောက်သူတို့အလှကို အနီရဲရဲမေပယ်လ်တွေနဲ့အပြိုင် ပြသနေတယ်။
အဖြူရောင် hoodie လေးနဲ့ကောင်လေးတစ်ယောက်ကတော့ မေပယ်လ်ပင်အောက်မှာထိုင်နေလေရဲ့။
"ရိပေါ်!"
သူ့ခေါ်သံကြားတော့ လှည့်ကြည့်တယ် နှာဖျားလေးတွေက နီလို့ ပါးလေးတွေကလဲ ရဲလို့။
"ကော လာပြီလား"
"အေးနေတာကို ပါးပါးလေးဝတ်ထားရသလား"
ရိပေါ်နားကို ခပ်သော့သော့လေးပြေးပြီး အကာအကွယ်မရှိတဲ့ လည်ပင်းလေးကို မာဖလာပတ်ပေးလိုက်တယ်။ ထူထဲတဲ့မာဖလာလေးက မျက်နှာသေးသေးလေးကို နားရွက်ထိအုပ်ပေးဖို့လုံလောက်ပါတယ်။
"နွေးသွားတာပဲ.."
ခပ်သဲ့သဲ့လေး ပြုံးပြီး အနီရောင်မာဖလာကိုငုံ့နမ်းနေတဲ့ ကောင်လေးက မေပယ်လ်ပင်အောက်မှာ အရမ်းလှတယ်။ ရှောင်းကျန့် ထာဝရ မြင်နိုင်ရင်သိပ်ကောင်းမှာပဲ။
YOU ARE READING
The Meaning of You In My Life
RomantizmWang Yibo X Xiaozhan fanfic ကောရဲ့ ဖြစ်တည်မှုဟာ ကျွန်တော့ရင်ထဲမှာတော့ အရမ်းနက်ရှိုင်းလွန်းတယ်ကော