မနက်ခင်းနိုးတော့ ကောသည်အိပ်ရာပေါ်တွင်မရှိနေတော့။ ကုတင်ဘေးက စားပွဲတွင်ခပ်နွေးနွေးဖြစ်နေသည့် ကော်ဖီခွက်လေးနှင့် မီးအိမ်ပေါ်တွင်ကပ်ထားသည့် ပန်းရောင် post-itလေးတခုကသာ မျက်စိရှေ့ရောက်နေသည်။
"ရိပေါ် ..ကော မနက်အစော လေဆိပ်သွားရမှာမို့ မင်းကိုမနှုတ်ဆက်ပဲထားခဲ့ရတယ် စိတ်မဆိုးနဲ့နော် ..ကော်ဖီကို မင်းအကြိုက် သကြား၂တုံးကွက်တိထည့်ထားတယ် ..ကျန့်ကော"
ရိပေါ် ပြုံးလိုက်မိသည်။သူချစ်ရသူက သူ့အကြိုက်သေးသေးလေးကို မှတ်မိတော့ ရင်ထဲအတိုင်းမသိပီတိဖြာကာ ကောကမနှုတ်ဆက်သွားလို့ခံစားရတဲ့ဝမ်းနည်းမှုတွေတောင်လွင့်စင်သွားသလိုပင်။ ကော်ဖီကို တကြိုက်ငုံပြီးသောက်လိုက်တော့ ဟိုးအရင်က သူ့ကိုပထမဆုံးဖျော်ပေးတဲ့ အရသာတိုင်း။ အဲ့တုန်းကတော့ ညီဆိုးလေးလို ကောကို ပစ်ချွဲကာ ကောဖျော်တဲ့ကော်ဖီပဲပါးစပ်ထဲအရသာတွေ့တယ် Starbucks ကမကောင်းဘူးမကြိုက်တော့ဘူး ပိုက်ဆံကုန်တယ် စသည်ဖြင့် ကလိမ်ညစ်ညမ်းဆင်ကာ ရှုတင်လာတဲ့နေ့တိုင်း ကောက ဘူးလေးနဲ့ဖျော်ပြီးယူလာပေးရ၏။ နောက်ပိုင်း သူနဲ့ကောကြား အရောင်တွေပြောင်းရှုပ်ထွေးလာမှ ကောဖျော်ပြီးယူလာပေးနေကြ ကော်ဖီဘူးလေးလဲ ဘယ်ရောက်သွားမှန်းမသိတော့။
မီးအိမ်က post-itလေးကိုခွာကာ သူ့ဗီရိုအံဆွဲထဲရှိ သေတ္တာနက်သေးသေးလေးကိုဖွင့်လိုက်၏။ ထိုထဲတွင် အရောင်နွမ်းနေပြီဖြစ်သော post itလေးတွေ အထပ်လိုက်။ရိပေါ် ခပ်ယဲ့ယဲ့လေးပြုံးပြီး Post itတခုကိုကောက်ဖတ်လိုက်၏။
"ညီလေးရိပေါ် ကောကို ညကပေးတည်းတာ ကျေးဇူးပါ အဝတ်တွေနောက်မှပို့ပေးလိုက်မယ်နော်...ရှောင်းကျန့်"
ဒါကျန့်ကော ပထမဆုံးသူ့အိမ်ညလာတည်းတော့ထားသွားတာလေးပင်။ ရိပေါ် အကုန်ရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။ ထိုညက ရှပ်အင်္ကျီ အဖြူလေးကို ဂျင်းအပြာတိုလေးနဲ့တွဲဖက်ကာ အိမ်နေရင်းဖိနပ်အနက်ကြားလေးနဲ့ သူ့ဆီရောက်လာခဲ့သည်။ မိုးရေတွေလဲစို ပိန်ပါးတဲ့ကိုယ်လေးကဖျော့တော့ပြီးတုန်ရီနေသည်။ အိမ်ကို stalker fanတွေ ဖောက်ဝင်ပြီး ပြသနာတက်လို့ဆိုလား။ ထိုနေ့က ချမ်း၍ စကားပြောတိုင်း တုန်နေသော နှုတ်ခမ်းပါးလေးကို သူတော်တော်ငေးနေမိခဲ့သည်။ လှပသော အပြုံးချိုချိုများက ကြောက်ရွံအားငယ်မှုတွေကိုကြိုးစားဖုံးထားသောလဲ ရိပေါ်ကို အားကိုးတကြီးကြည့်သော မျက်ဝန်းလဲ့များအောက်တွင် ထိုလူသားကို ကာကွယ်ပေးချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာ၏။ထို အချိန်မှ စ၍ ရိပေါ် ကောအပေါ် လုပ်ဖော်ကိုင်ဖက်ညီဆိုးလေးတစ်ယောက်ထက်ပိုတဲ့ခံစားချက်တွေ ထားခဲ့မိသည်ထင်သည်။
YOU ARE READING
The Meaning of You In My Life
RomanceWang Yibo X Xiaozhan fanfic ကောရဲ့ ဖြစ်တည်မှုဟာ ကျွန်တော့ရင်ထဲမှာတော့ အရမ်းနက်ရှိုင်းလွန်းတယ်ကော