Part <1>

36.3K 1.3K 23
                                    

**ZawGyi Version**

တောင်ကိုရီးယားကနေ မွေးရပ်မြေတရုတ်ပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ရပြန်ပါပြီ။
မွေးရပ်မြေကတရုတ်ဆိုပေမဲ့ဆယ်နှစ်သားအရွယ်လောက်ကတည်းက ဖေဖေနဲ့မေမေတို့စီးပွားရေးအရ ကိုရီးယားမှာပဲ အခြေချနေခဲ့ရတယ်။
အခုဒီကိုရောက်လာရတာကလည်း တက္ကသိုလ်ကျောင်းသားဘဝကို မွေးရပ်မြေမှာပဲကုန်ဆုံးချင်လို့ အိမ်ကိုပူဆာပြီးလာခဲ့ခြင်းပင်။

**ဘယ်သူကထင်မှာလဲ? ဒီမှာသူအရမ်းချစ်မြတ်နိုးရမယ့်သူတယောက်ရှိလာမယ်ဆိုတာကိုပေါ့**

_______________________________

'ရှောင်းယုရေ...ရှောင်းယု ပြင်ဆင်စရာရှိတာတြွေပင်ဆင်ပြီးပြီလား နင့်အဖေသူငယ်ချင်းရဲ့သားလာမှာနော်'

'သိပါတယ် အမေကလည်း သမီးအကုန်ပြင်ဆင်ပြီးသွားပါပြီ'

'အော် ဒါနဲ့ ဟိုတယောက်ရော ဘာလုပ်နေလဲ'

'ရှောင်းကျန့်လား..သူ့ကိုသမီး ပြောင်းလာမယ့်သူဋ္ဌေးသားလေးနေဖို့ အခန်းပြင်ခိုင်းထားတယ်'

'ရှောင်းယု..အမေတစ်ခုတော့ ပြောစရာရှိတယ် အဲဒီသူဋ္ဌေးသားလေးရောက်လာရင် အမေတို့ရှောင်းကျန့်ကို ဂရုစိုက်ပြရမယ် အဲဒီကောင်လေးက နင့်အဖေနဲ့မယားကြီးရဲ့သားဆိုတာ လူတိုင်းနီးပါးသိတယ်လေ ပြီးတော့ဟိုကလည်း ရှောင်းကျန့်ရှိနေသေးလို့ အမေတို့အကြောင်းတွေမသိသေးဘဲ သူ့သားကိုဒီလွှတ်လိုက်တာ'

'ဟုတ် သမီးလည်း အဲဒီလောက်တော့သိပါတယ် အမေရယ်...သမီးတို့အစီစဉ်ကို ပျက်စေမဲ့အဖြစ်မျိုးမလုပ်ပါဘူး စိတ်ချ စိတ်ချ'
________________________________

ကားပေါ်ကနေ လာရာလမ်းတလျှောက် ဘေးဘီအစုံကြည့်ရင်း ရိပေါ်စိတ်ကျေနပ်နေမိသည်။  သူမရောက်ဖြစ်တာလည်း အတော်လေးကိုကြာနေခဲ့ပြီမို့ အရာအားလုံးဟာ သူနဲ့မသက်ဆိုင်ခဲ့သလို အသစ်အဆန်းတွေချည်းဖြစ်နေတာပင်။
.
.
.
.
'သားလေး လာ...အန်တီတို့ သားအတွက်အကုန်ပြင်ဆင်ထားပြီးပြီ'

'ဟုတ်'

'သား ဗိုက်ဆာနေလောက်ရောပေါ့ ထမင်းလေးဘာလေးစားပြီးမှ စကားစမြည်ပြောကြတာပေါ့နော်'

I Don't Know, I Love You  **Z+U**Where stories live. Discover now