Part <9>

10.2K 953 146
                                    

**Zawgyi Version**

ကျောင်းဆင်းတော့ ရိပေါ် ရှောင်းကျန့်ကို ဆိုင်ကယ်ပေါ်တင်ခေါ်ပြီး အရင်တစ်ခါက မြစ်ကမ်းလေးဆီကိုပဲ ခေါ်သွားလိုက်တယ်။

  'ဒီနေရာကို လာပြီးဘာလုပ်မှာလဲ'

  'မင်းကလည်း  သိရမှာပေါ့ကွာ...အရင်ဆုံး ဟိုနားမှာ ထိုင်ကြရအောင်'

အချိန်အတော်လေးကြာသွားခဲ့ပြီ...မှောင်စတောင်ပျိုးလာသည်အထိ ဝမ်ရိပေါ်ဘာမှလည်းမပြော ဘာမှလည်းမလုပ်သေးတာကြောင့်  ရှောင်းကျန့်စိတ်မရှည်တော့ဘဲ

   'ဝမ်ရိပေါ် မင်းပြောတော့ ခဏလေးဆို အခုနောက်တောင်ကျနေပြီ မင်းကဘာလုပ်မှာမလို့လဲ'

   'ငါက မင်းရဲ့ ပထမဆုံးသူငယ်ချင်းလား'

  'ဟမ်   ဘာ ဘာဖြစ်လို့ မေးတာလဲ'

   'ငါ မေးတာကိုသာ ဖြေပါ'

ရိပေါ်  ရှောင်းကျန့်ကိုကြည့်ပြီး လေးလေးနက်နက် မေးနေတာကြောင့် ပြန်ဖြေလိုက်သည်။

    'မဟုတ်ဘူး....ငါ့မှာ ငယ်ငယ်လေးတုန်းက အရမ်းခင်ခဲ့ကြတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်'

    'သူက ဘယ်သူလဲ...အခုရောဘာလို့ မင်းနားမှာသူမရှိတာလဲ'

    'သူ့နာမည်က ချန်းလျဲ့တဲ့    သူအလယ်တန်းပြီးတော့ ကိုရီးယားကို ပြောင်းသွားတာ  ခုဆိုသူက နာမည်ကြီးIdolတစ်ယောက် "Chanyeol" ဆိုပြီးအောင်မြင်နေပြီလေ....ငါတို့လဲ ဘယ်လိုဆက်သွယ်ကြရမလဲမသိဘူး..'

   'အဲဒါဆို ရပြီ'

   'ဟမ်  ဘာ ဘာရတာလဲ ပြီးတော့ ဘာလို့မေးတာလဲ'

   'မင်းမှာ သူငယ်ချင်းရှိတယ်ဆိုတော့ ငါမင်းရဲ့ သူငယ်ချင်းမလုပ်ပေးနိုင်တော့ဘူး'

   'ဘာ    ဘာလို့လဲ'

   'ဘာလို့လဲဆိုတော့.....ငါမင်းရဲ့ ချစ်သူကောင်လေး ဖြစ်ချင်လို့'

ရှောင်းကျန့် မျက်လုံလေးပြူးကာ  ရိပေါ်ကိုကြည့်နေမိသည်။
    ရိပေါ်လည်း ရှောင်းကျန့်အဲ့လိုကြည့်နေတာကြောင့် ဟိုဘက်ကိုခေါင်းလှည့်သွားပြီး

   'သိပါတယ်....မင်းအတွက်ထူးဆန်းပြီး မဖြစ်နိုင်ဘူးဆိုတာ...ဒါပေမဲ့   ငါမင်းကို တကယ်ချစ်မိသွား..သွား  အု'

I Don't Know, I Love You  **Z+U**Where stories live. Discover now