Part <18>

7.8K 766 100
                                    

**Zawgyi Version**

* 'တီ တီ တီ....' *   (ဖုန်းခေါ်နေသံ)

  'ဟယ်လို  ဝမ်လင်းပြောနေပါတယ်'

  'ဟုတ်ကဲ့ပါ မစ္စဝမ် ကျွန်မက မစ္စရှောင်းပါ'

  'အာ မစ္စရှောင်းကိုး ဟုတ်ကဲ့ ပြောပါ'

  'ပြောရရင်တော့ မစ္စဝမ်ရဲ့သား ဝမ်ရိပေါ်အကြောင်းပါဖဲ'

  'ရှင်...ရိပေါ်လေး ဘာများဖြစ်လို့လဲဟင်'

  'အစ်မ စိတ်အေးအေးထားပါ တကယ်တော့ ဝမ်ရိပေါ်က ကျွန်မသား ရှောင်းကျန့်နဲ့ ခိုးပြေးသွားလို့ပါ'

  '.........'  (စပိခ်ျလက်စ် သွားပါပြီရှင်😑😂)

 

_______________

ဒီနေ့ကလည်း ကျောင်းပိတ်ရက်မို့ ရှောင်းကျန့်နဲ့ ရိပေါ်တို့ ဟင်းအတူချက်နေကြသည်။   ထိုစဉ် အိမ်တံခါးဘဲလ်တီးသံကိုကြားတော့

    'ဘယ်သူလဲ မသိဘူး သွားကြည့်လိုက်ဦးမယ်နော် ရိပေါ်'

    'အင်း အင်း'

   ရှောင်းကျန့် တစ်ယောက် တံခါးပေါက်ဝက လူကြည့်မှန်​ဘီလူးကိုကြည့်မိလိုက်ရာ ကြက်သေ သေသွားတော့သည်။

    **ဒါ ဒါ ငါ့ကိုဟိုနေ့က ရိပေါ်ပြဖူးတဲ့ အန်..အန်တီကြီး ဒါဆိုရိပေါ်ရဲ့ အမေပေါ့**

  ဘဲလ်မြည်သံက ရပ်မသွားတဲ့အပြင် အဆက်မပြတ်ထွက်နေတာကြောင့် ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး ရိပေါ်အိမ်ရှေ့ကို ထွက်လာခဲ့သည်။   အပေါက်ဝရဲ့လူကြည့်မှန်ဘီလူးကို ကြည့်ရင်းရပ်နေတဲ့ ရှောင်းကျန့်ကိုတွေ့ပြီး အနားကိုသွားလိုက်ကာ သူပါကြည့်လိုက်တော့  ရိပေါ်တို့ မျက်လုံးတြွေပူးပြာသွားသည်။

     'မေ   မေမေ ' 'သူက ဒီကိုဘယ်လို...'

     'ဟဲ့....ဖွင့်ပေးကြစမ်း ဝမ်ရိပေါ် အထဲမှာ နင်ရှိနေမှန်း ငါသိတယ်နော် ဖွင့်ပေးလို့ ဒုန်း ဒုန်း'

      ရှောင်းကျန့်က ဘာလုပ်ရမှန်းမသိ ကြောက်နေတဲ့မျက်နှာလေးနဲ့ ရိပေါ်ကိုကြည့်နေစဉ် ရိပေါ်ကရှောင်းကျန့်ရဲ့လက်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်လိုက်ပြီး သူ့နောက်မှာပဲနေစေ၍ သတ္တိမွေးကာ တံခါးဖွင့်ပေးလိုက်သည်။

I Don't Know, I Love You  **Z+U**Where stories live. Discover now