Part <27>

6.7K 384 19
                                    

        **Zawgyi Version**

'အန်တီ တောင်းပန်ချင်လို့ပါ....အန်တီနောင်တတွေလည်းရနေပါပြီ ရှောင်းကျန့်ကအန်တီ့ရဲ့တူအရင်းခေါက်ခေါက်ဖဲလေ ဒါတွေအားလုံး အန်တီ့ကြောင့်ဖြစ်ရတာပါ တောင်းပန်ပါတယ် ရီပေါ်ရယ် အန်တီတောင်းပန်ပါတယ်'

'အန်တီ အစကတည်းကသာ ခုလိုမျိုးသိခဲ့မယ်ဆိုရင် ကော ဒီလိုဖြစ်မှာမဟုဘူး....ခုတော့ ခုတော့ အန်တီတောင်းပန်လည်း ကောက ကျွန်တော့်ကို ပြန်မှတ်မိလာမှာမဟုတ်ဘူး!!! '

'သား သားရှောင်းကျန့်နိုးလာပြီလား....အန်တီတောင်းပန်ပါတယ် တောင်းပန်ပါတယ်'

'အန်တီက ဘယ်သူလဲ  ဘာလို့တောင်းပန်နေတာလဲဟင်.....ဝမ်ရီပေါ် အာ့ဘယ်သူလဲဟင် ဘာတွေပြောနေကြတာလဲ....အ အ ခေါင်း ခေါင်းကိုက်တယ် အားး'

'ကော ကော....'
'ရှောင်း ရှောင်းကျန့် သားလေး'
'ဘာလုပ်နေတာလဲ အမြန်ဆရာဝန်ခေါ်ပေးလေဗျာ....ကော ရရဲ့လား'
'အော် အင်းအင်း...ဟုတ်တယ် အန်တီသွားခေါ်လိုက်ပါ့မယ်'


'လူနာက ဘာမှတော့မဖြစ်ပါဘူး ပြန်မှတ်မိနိုင်ဖို့ကတော့ လူနာအပေါ်ဖဲမူတည်နေတယ်...ဆရာတို့လဲအတတ်နိုင်ဆုံးကြိုးစားပြီးကူညီပေးပါ့မယ် လူလေးလဲသိပ်ပြီးစိုးရိမ်မနေပါနဲ့ ပြန်မှတ်မိနိုင်ဖို့လဲ အရမ်းကြီးဖိအားမပေးပါနဲ့'

'ဟုတ်ကဲ့ပါဆရာ....ကျေးဇူးအများကြီးတင်ပါတယ်'
'အော် ဒါနဲ့ မနက်ဖြန်ဆရာမနက်ပိုင်းroundလှည့်ပြီးရင် ဆေးရုံကဆင်းလို့ရပါပြီနော်'
'အော် ဟုတ်ကဲ့ပါဆရာ ဟုတ် တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်'

×××××××××××××

ရှောင်းကျန့်ဆေးရုံကဆင်းဖို့ အစအဆုံးလုပ်ပေးတဲ့ ကျွန်တော့်ကို မေမေကလည်းကူညီပေးတယ်။ အိမ်ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်တိုက်ခန်းလေးမှာပါဖဲ.....မဒမ်ရှောင်းကခေါ်ပေမဲ့ ကောကိုဆိုးသွမ်းတဲ့အတိတ်တြွေပန်မှတ်မိသွားမှာစိုးတယ်။  ကျွန်တော်နဲ့ကောတို့ဖန်တီးထားခဲ့ကြတဲ့ အလှပဆုံးအမှတ်တရတွေကိုဖဲ အရင်ဆုံးပြန်မှတ်မိအောင် ကျွန်တော်ကူညီပေးမှာမို့.....ပါ။

တိုက်ခန်းထဲမဝင်ခင်ကတည်းက လိုက်ကြည့်နေတာများ ခုထိတိုက်ခန်းတခုလုံးကိုလှည့်ပတ်ကြည့်နေတဲ့ ကောက တကယ့်ကိုကလေးလေးတစ်ယောက်လို။

I Don't Know, I Love You  **Z+U**Where stories live. Discover now