Part <2>

14.9K 1K 20
                                    

            **ZawGyi Version**

ဒီနေ့ ကျွန်တော့်ရဲ့ ပထမဆုံးတက္ကသိုလ်စတက်ရမဲ့နေ့

   ပထမဆုံးနေ့မို့ အန်တီကပဲ သုံးယောက်လုံးကို အတူလိုက်ပို့ပေးသည်။ ရှောင်းယုကတော့တက်ကြွနေပေမဲ့ သူ့အစ်ကိုရှောင်းကျန့်ကိုကြည့်ရတာ မဝံ့မရဲဖြစ်နေတဲ့ ပုံစံနဲ့။ အဲဒါဟာ သူ့ပုံစံပဲလား...။ အဲဒီလိုဆိုရင်တော့ ကျွန်တော့်ထက်သာသွားပြီ တကယ်တော့ကျွန်တော်က အနေမအေးပါဘူး ချေရုံလေးတင်ပါ။ 
   မေမေက ကျွန်တော်တို့သုံးယောက်လုံးအတွက် ပုဂ္ဂလိက တက္ကသိုလ်တခုမှာ အတူတူတက်လို့ရအောင် စီစဉ်ပေးထားသည်ပင်။

_______________________________

ကျောင်းကြီးထဲကိုရောက်လို့ ကျွန်တော်တို့လည်း ကိုယ်သင်ရမဲ့ ကျောင်းဆောင်ထဲကိုသွားမယ်အလုပ်... အန်တီက ရှောင်းကျန့်ကို သီးသန့်ခေါ်ပြီးတခုခုပြောနေသည်။   ကျွန်တော်အရမ်းသိချင်ပေမဲ့ ဘေးကရှောင်းယု အတင်းဆွဲခေါ်နေသည်လေ။  ကျွန်တော်နောက်ထပ်ကြည့်လိုက်တော့ အန်တီရှောင်းကပြန်တော့မည်... သူကလဲခေါင်းလေးတငြိမ့်ငြိမ့်နှင့် နားထောင်နေလေသည်။

   ကျွန်တော်က သူတို့ထက်ကျောင်းတစ်ပတ်နောက်ကျထားတာဆိုတော့ ကျောင်းရုံးခန်းကို အရင်သွားရမှာ။   သူတို့နှစ်ယောက်ကအခန်းထဲကိုအတူတူသွားနှင့်လေပြီ။

_______________________________

  တကယ်တော့ ရှောင်းကျန့်က ရှောင်းယုနဲ့ရိပေါ်တို့ထက် အသက်အားဖြင့်ခြောက်နှစ်တိတိကွာလေသည်။  ရှောင်းယုနဲ့ရိပေါ်ကတော့ ရွယ်တူတွေပင်။

    ဒါပေမဲ့ ခုလိုအတန်းတူနေရတဲ့အကြောင်းကတော့....သေချာတာပေါ့ သူ့မိထွေးနဲ့ ရှောင်းယုတို့ကြောင့်ပါပဲ။  ရှောင်းယုက ရှောင်းကျန့်တက္ကသိုလ်တက်နေတုန်း သူကအလယ်တန်းလောက်ပဲရှိသေးတာဆိုတော့ သူမတက်ရသေးရင် ရှောင်းကျန့်ကိုလဲမတက်စေချင်ဘူးလေ။   ဖြစ်ချင်တော့ ရှောင်းကျန့်ရဲ့တက္ကသိုလ်ပထမနှစ်ဝက်မှာဖဲ သူ့အဖေဆုံးသွားခဲ့တယ်။   ဒါနဲ့ပဲ ဟိုနှစ်ယောက်ရဲ့အလိုတော်အတိုင်း တက္ကသိုလ်ဆက်မတက်ရတော့ဘဲ အိမ်စေတစ်ယောက်လိုအဖြစ်ကို ရောက်ရှိခဲ့တာပါ....
    အရမ်းလည်လွန်းတဲ့ ရှောင်းယုတို့သားအမိကတော့ သူ့အဖေသေသွားလို့ သူ့သားကစိတ်ဓာတ်တွေကျနေပြီး တက္ကသိုလ်မတက်ဖြစ်တာလို့ပဲ သတင်းလွှင့်ထားတာပေါ့....။

I Don't Know, I Love You  **Z+U**Where stories live. Discover now