Part-1

3.7K 113 4
                                    

Can~ဖွားဖွားနဲ့ဖိုးဖိုးသားကျောင်းသွားတော့မယ်နော်

ကျောပိုးအိတ်လေးကို အမြန်အဆန်ကောက်လွယ်ကာ
ဖွားဖွားနဲ့ဖိုးဖိုးရဲ့ စကားပြန်ကိုမစောင့်ဘဲအိမ်ကထွက်ဖို့
အလုပ်နောက်မှတစ်စုံတစ်ဦးရဲ့လှမ်းဆွဲလိုက်မှုကြောင့်
Can ကိုယ်လေးတစ်ပတ်လည်ကာလဲမလိုဖြစ်သွားတော့
ထိုလူကသူ့လက်ဖြင့်လှမ်းထိန်းပေးလိုက်သည်

Can ~ဦး.........

ဦးဆိုတဲ့ အမည်နာမလေးကိုရွတ်ပြီးနောက်မှာတော့
Canဆွံ့အနေမိတော့သည် ဦးရဲ့အကြည့်အဲ့စူးရှတဲ့အကြည့်တွေကြောင့် ကျနော့်ရဲမျက်ဝန်းများသည် ဦး မျက်ဝန်းများဆီမှ
မခွာနိုင်ဖြစ်နေတော့သည်

Tin~ကဲ မင်းကြည့်လို့ဝရင် ကားထဲဝင်လို့ရပြီနော်

မျက်တောင်မခတ်ပဲကို Tinကိုကြည့်နေသော Can
သည် Tinပြောလိုက်မှသတိပြန်ဝင်လာပြီး ကိုယ်ကို
မတ်မတ်ပြန်ရပ်လိုက်ကာ

Can~ကားထဲဘာလို့ဝင်ရမှာလဲ ဦး သားကသူငယ်ချင်းတွေနဲ့လမ်းလျှောက်သွားဖို့ချိန်းထားတယ်
ဦးရဲ့ သားကိုယ့်ဟာကိုယ်ပဲသွားလိုက်မယ်လေနော်

Tin~တော်စမ်း Can မင်းဘယ်တုန်းကကိုယ့်ဟာကိုယ်သွားခွင့်ရခဲ့လို့လဲ မေမေနဲ့
ဖေဖေ့ကို စိတ်ပူအောင်မလုပ်နဲ့Can အပိုတွေမပြောပဲ ကားထဲဝင်နေ
လိုက် ငါမေ့ကျန်ခဲ့တာရှိလို့ပြန်သွားယူလိုက်ဦးမယ်
Can သည် Tin ရဲ့စကားဆို နှစ်ခွန်းမပြောရပါ ကြောက်
လဲကြောက် ချစ်လဲချစ်ရသော ဦးရဲ့ စကားဆို အမြဲနားထောင်
သည် ခုလဲ Tin ကကားထဲဝင်နေပြောလိုက်တာနဲ့ ချက်ချင်း
ကားထဲဝင်ထိုင်နေတော့သည် ခဏကြာတော့ Tinပြန်ရောက်လာကာ ကားလေးသည်လည်း အိမ်ထဲမှ
မောင်းနှင်လာခဲ့တော့သည် ဦးရဲ့ဘေးမှာကားလိုက်စီးရတဲ့
ခံစားချက်ဟာ Can အတွက်အလွန်ကိုထိန်းချုပ်ရခက်သည့်
ခံစားချက်ပင် ရင်ဘတ်ထဲရင်ခုန်သံတွေဗြောင်းဆန်နေပြီး
Tinများကြားသွားမလို့တောင်စိုးရိမ်နေမိသည် ဖြစ်နိုင်ရင်
Can ကားပေါ်ကတောင်ခုန်ဆင်းပလိုက်ချင်တော့သည်

Nobel ဆိုတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းကြီးရဲ့
ရှေ့၌အနက်ရောင်ကားတစ်စင်း သည် ရပ်လိုက်ကာ
ကားထဲမှ ကောင်လေးတစ်ယောက်ဆင်းလာတော့သည်
ထိုကောင်လေးဆင်းလာလာချင်းပဲ ကောင်လေးတစ်ယောက်
ပြေးလာပြီး မချီရန်လုပ်ကာ ပါးတွေနားတွေလဲဆွဲကာဖြင့်
မသိရင် အဖေကသူ့သားလေးကို လုပ်နေသလိုပင်
Tin~Canငါ 5နာရီအတိလာကြိုမယ် ဘယ်မှသဝေထိုး
မနေနဲ့ နောက်ကျမှထွက်လာရင် ဘာဖြစ်မလဲသိတယ်နော်
ပြီးတော့ ကျောင်းကိုစာသင်ဖို့လွှတ်လိုက်တာ မဟုတ်တာတွေ
လုပ်နေရင် နောက်မှငါ့အဆိုးမဆိုနဲ့နော်
ကားပေါ်မှ လှမ်းပြောကာ Canရဲ့ပါးကိုဆွဲညစ်နေသော
ကောင်လေးကို မျက်စောင်းထိုးလျက် ပြောပြီးနောက်
Tinရဲ့အနက်ရောင်ကားလေးသည် Canတို့ကျောင်းနားမှ
ထွက်ခွာသွားလေတော့သည် ထိုကားလေး အဝေးကို
ရောက်သွားမှ Canကိုပါးဆွဲနေတဲ့ကောင်လေးသည်
သူ့လက်များကိုCanရဲ့ပါး ပေါ်မှပြန်ရုတ်သိမ်းလိုက်သည်
Kla~ဟေ့ရောင် Can မင်းရဲ့ဦးကြီး Jဝင်သွားတာ
တွေ့လိုက်လား ဟားဟား ငါ့ကိုအစိမ်းလိုက် မြေမြုပ်တော့မဲ့
ပုံနဲ့
Can~အမ်း Jဝင်မဝင်တော့မသိဘူး အိမ်ပြန်ရင် တစ်ခုခု
ဖြစ်တော့မှာတော့ကြိုသိနေတယ် သေနာလေးKla
ငါသာအရိုက်ခံရရင် မင်းသေပြီသာမှတ်
Kla~ဟာ ဘာလဲကွာ ငါကမင်းတို့အဆင်ပြေအောင်
ကူညီပေးတဲ့ဟာကို
Can~တော်ပါပြီကွာ ဒီအတိုင်းလေးပဲကောင်းပါတယ်
ဒီအဆင့်ထက် ပိုသွားရင် ရင်ဆိုင်ရမယ့် ကိစ္စတွေကို ငါ့မှာ
ရင်ဆိုင်နိုင်စွမ်းမရှိဘူး Kla
Kla~တကယ်ချစ်တယ်ဆို ဖွင့်ပြောလိုက်စမ်းပါကွာ သတိ
ရှိရှိနဲ့ပေါ့ ဒါမှမဟုတ်သူ ဖွင့်ပြောလာအောင်လုပ်ပြီး ရဲရဲဝံ့ဝံ့
အဖြေပြန်ပေးလိုက်ကွာ လွယ်လွယ်လေးကို
Can~Awwအေး လွယ်တယ်ပေါ့ အဲ့တာဆို ဟိုမှာ
မင်းရဲ့N'လေးလာနေပြီ ရဲရဲဝံ့ဝံ့ အဖြေပြန်ပေးလိုက်တော့
ငါသွားနှင့်ပြီ
Kla~ဟေ့ရောင် Can ငါ့ကိုထား မသွားနဲ့လေ Can
"P'Kla ........."
Klaတစ်ယောက်Can နောက်ကိုပြေးလိုက်ဖို့ အလုပ်
နောက်ကနေ အသဲအသန်အော်ကာ အကျီ င်္ကိုလှမ်းဆွဲထား
တဲ့ အနှီလူသားလေးကြောင့် Klaမှာနောက်သို့ပြန်
လှည့်ကြည့်ကာ
Kla~ဟာ ဟေ့ရောင် ဘာလို့ဆွဲထားတာလဲဟ လွှတ်
No~မလွှတ်ပါဘူး ကျနော်လွှတ်လိုက်ရင်P'ကထွက်ပြေး
သွားမှာပေါ့ ရော့ဒီမှာ P'အတွက်
လက်ထဲအထုပ်လေးကို Klaရဲ့လက်ထဲထည့်လိုက်ကာ
No~ကောင်းကောင်းစားနော် P' ပြီးရင် စာလေးလဲဖတ်
လိုက်ဦးနော် လွှင့်မပစ်နဲ့ ကြားလား ကျနော်သွားပြီ
Kla~ဟေ့ရောင် No ......No ......ဟာကွာ ဒီနေ့လဲ
ခံလိုက်ရပြန့်ပြီ ဟိုကောင်Canစုတ်တွေ့မယ်ငါ့ကိုတစ်
ကောင်တည်းထားခဲ့တယ် ငါနဲ့တွေ့ကြတာပေါ့လေ
တစ်ယောက်ယောက်မကျေနပ်ချက်တွေကို ပွစိပွစိပြောကာ
Klaတစ်ယောက် Canရှိရာကျောင်းခန်းဆီသို့သွားလေ
တော့သည်

I love you(completed)Where stories live. Discover now