Part-9

1.2K 78 4
                                    

ညနေစောင်း နေရီရီအချိန်တွင် ဦးပြန်ရောက်လာသည်
ဦးရဲ့ကားသံကိုကြားတာနဲ့ ဖတ်နေတဲ့စာအုပ်လေးကိုပိတ်ကာ
အိပ်ချင်ယောင်ဆောင်ဖို့ကိုဆုံးဖြတ်မိတယ် ဒါဟာလည်း
ဦးနဲ့ မျက်နှာချင်းဆိုင်နိုင်စွမ်းမရှိတာကြောင့်ပေ ဦးကတော့
အောက်ထပ်မှာKhun Fernကိုစကားပြောပြီးနောက်
အခန်းထဲသို့လာနေပြီလေ တဖြေးဖြေးချင်း ပိုမိုကျယ်လောင်လာသော ခြေလှမ်းသံက  ကျနော့်ကို
ထိတ်လန့်စေသလို နေမရထိုင်မရဖြစ်စေပြန်တယ်
နောက်ဆုံးဦး အခန်းထဲဝင်လာချိန်မှာတော့ ကျနော်အိပ်ချင်
ယောင်မဆောင်ဖြစ်ခဲ့  ဦးက ကျနော့်ကိုကြင်နာမှုအပြည့်နဲ့
စကားများပြောလာသည် ကျနော်သာယာမိပြန်သည်
ဦးရဲ့ ဟန်ဆောင် အကြင်နာတွေမှန်းသိပေမဲ့လေ ဘယ်လောက်တောင်မိုက်မဲတဲ့ ကျနော်လဲ အနာပေးလိုက်
ဆေးပေးလိုက်လုပ်တတ်တဲ့ ဦး ကိုမှစွဲလမ်းနေမိတဲ့
ကျနော်ဟာ ကမ္ဘာမှာ အရူးမိုက်ဆုံးလူသားတစ်ယောက်
ဆိုလည်း ကျနော်တော့ဆက်ရူးမိုက်နေချင်မိတယ် တစ်သက်လုံးစာ အတွက်ပေါ့

Tin~ကိုယ်ပူသေးလား Can အင်း ကိုယ်ပူကတော့
မကျသွားဘူးပဲ မင်းဘယ်ချိန်တည်းက သတိရတာလဲ သတိရ
ကတည်းက ဒီအတိုင်းပဲထိုင်နေတာလား ဘာစားပြီးပြီလဲ
ဆေးရော သောက်ပြီးပြီလား

Can~ဟို ကျနော် ………နေ့ နေ့လယ်လောက်က
သတိရ……ရတာပါ ဦး

Tin~အင်း နာနေသေးလား

Can~ဗျာ……!!!

Tin~မင်းရဲ့အောက်ပိုင်းလေ နာနေသေးလားလို့ ငါဘာလို့
အဲ့လောက်ဒေါသထွက်မိသွားမှန်းကိုမသိဘူး မင်းနောက်ဆို
အဲ့လိုဘယ်တော့မှထပ်မလုပ်မိစေနဲ့ နောက်တစ်ခါဆို ငါ
ဘယ်လောက်တောင်ကြမ်းတမ်းမိမလဲဆိုတာ မသိနိုင်တာမို့

Can~ဦး…………

Tin~ဘာလဲ ပြောလေ

Can~ကျနော့်ရဲ့အဖေကို လွမ်းနေသေးလားဟင်

ဘာလို့အသံကပုံမှန်ထက် တိုးညင်းသွားမိလဲမသိ ဦးဒေါသ
ထွက်သွားမည်ကိုလဲကြောက်သည် ဒါပေမဲ့ သိချင်စိတ်ကိုလဲ
ထိန်းမရခဲ့ ငယ်ငယ်ကမိဘတွေအကြောင်းမေးတော့
ှီုဦးကစိတ်တိုပြီး ရိုက်ဖို့လုပ်တာမှတ်မိသေးတယ် ဖိုးဖိုးနဲ့
ဖွားဖွားတို့ကာကွယ်ပေးလို့ အရိုက်မခံခဲ့ရ အဲ့အချိန်ကစပြီး
ကိုယ့်မိဘအကြောင်း ပါးစပ်တောင်မဟရဲခဲ့တာ ခုချိန်ထိပင်

I love you(completed)Where stories live. Discover now