Part-11

1.2K 85 2
                                    

One week later
Can~ဦး သားပြင်ဆင်လို့ပြီးပါပြီ

ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ်နေသော Tinက
Canရဲ့အသံကြားတော့ ထလာကာCanရဲ့ကျောင်း
အကျီ င်္လေးကို လက်နဲ့ခါပေးလိုက်ပြီး

Tin~ပျော်နေတယ်ပေါ့ Can အေး ဒီလိုဆက်ပျော်ချင်ရင်
အနေအထိုင်ဆင်ခြင် နေရာတကာ လိုက်ပြီး ဒေါသမထွက်
ချင်ဘူး Can နားလည်လား

Can~ဟုတ်ကဲ့ ဦး သားနားလည်ပါတယ်

Tin~ဒါဆိုကားပေါ်တက်တော့ သွားကြမယ်

အနက်ရောင်ကားလေးဖြင့်ခြံထဲမှStarကျောင်းတော်ကြီးဆီသို့ ထွက်ခွာလာခဲ့ကြတော့သည်

At Star  High School

Can~သားသွားတော့မယ်နော် ဦး တာ့တာ

Tin~Can ခဏနေဦး ငါ5နာရီအတိကြိုမယ်နော်
ငါ့အချိန်တွေကိုမဖြုန်းတီးနဲ့ စောင့်ရတာကို ငါမကြိုက်တာ
သိတယ်မလား

Can~ဟုတ်ကဲ့ ဦး သား ရှေ့ဆုံးကထွက်မှာပါ သွားပြီနော်

ကျောင်းဝန်းထဲသို့ပြေးဝင်သွားသော Can ကို အချိန်
အတန်ကြာငေးကြည့်နေမိသည် သူကကျနော့်ကို တကယ်
ထားသွားမှာလား မဖြစ်နိုင်တာထားသွားခဲ့ရင်ရော ကျနော်ဘယ်လိုခံစားရမှာလဲ Tonnamပြောသလို နောင်တတွေနဲ့ ဝမ်းနည်းနေမိမှာလား ကျနော်တွေးထားတာ
တော့ သူကအအြဲတမ်းကျနော်အနားမှာပဲရှိနေမှာပါ

ကျောင်းရောက်တာနဲ့ ကျောင်းပျက်တုန်းကစာတွေအကုန်
ပြန်ကူးနေရသည် မိမိအချစ်တော် သူငယ်ချင်းကြီးမှာတော့
ကူရေးပေးမယ်မရှိဘဲ ဘေးကနေပေါက်ပေါက်ထိုင်ဖောက်
နေလေသည်

Kla~မင်း တစ်ခါထဲထွက်သွားလိုက်ပါလား အဲ့ဒါမှ အဲ့လူကြီး
လဲ မှတ်သွားအောင် မင်းသာမရှိရင် သူဘယ်လို ခံစားနေရမလဲဆိုတာနားလည်သွားအောင်

Can~တော်ပါပြီကွာ ငါမှ ဦးရဲ့အနားက မထွက်သွားနိုင်ဘဲ
ဦးကတော့ ငါမရှိလဲနေနိုင်လောက်ပေမဲ့ ငါကတော့ ဦးမရှိရင်
သေမလား မသိဘူး

Kla~ဟ ဟ ဒါမင်းစိတ်ထင်လို့ပါကွာ ဒီလောက်နှိပ်စက်
နေတဲ့ လူတစ်ယောက်အနားကထွက်သွားရတာ
ဘယ်လောက်အေးချမ်းသွားမှန်းမင်းမသိလို့ပြောနေတာ
သိသွားရင် မင်းရဲ့ဦးကိုလှည့်ကြည့်ချင်တော့မှာတောင်
မဟုတ်ဘူး

I love you(completed)Where stories live. Discover now