Part-14(final part)

2K 97 8
                                    

တစ်နှစ်တာဆိုတဲ့အချိန်ဟာ ခဏလေးပင်မဲ့ သူလေးအနား
မှာမရှိချိန်မှာတော့ အချိန်တွေဟာကြာညောင်းခဲ့သည်
တစ်နှစ်လုံးလုံး အလွမ်းတွေကိုအရက်နဲ့အဖော်ပြုခဲ့ရပြီး
အရက်သမားလုံးလုံးဖြစ်နေခဲ့တဲ့ ကျနော့်ကို သူလေးရဲ့
သူငယ်ချင်းတွေဖြစ်တဲ့ Klaနဲ့Noက သူရှိရာသို့လိုက်သွား
ဖို့ကူညီပေးခဲ့တယ် ကျနော့်သူငယ်ချင်းTonnamကရော
ပေါ့ သူသာမရှိရင် သေတော့မလိုဖြစ်နေတဲ့ ကျနော်ကို
မိဘတွေကလဲ သူနောက်သို့လိုက်သွားဖို့ခွင့်ပြုခဲ့တယ်
ဒီလိုနဲ့ ကျနော်သူလေးရှိရာ ကနေဒါသို့ရောက်လာခဲ့တယ်
ဒါပေမဲ့ ကျနော်မထင်ထားခဲ့ဘူး တကယ်တမ်းကျနော်တို့ကို
ဝေးကွာစေခဲ့တာက ချစ်တယ် ဆိုတဲ့ခံစားချက် တစ်ခုကြောင့်
တဲ့လား အမုန်းတွေမပါပဲ ကျနော့်ကို ခွဲခွာသွားခဲ့တဲ့
သူဟာ တကယ်တော့ ကျနော့်နှလုံးသားတစ်ခုလုံးကို
ပိုင်စိုးထားသောသူတစ်ယောက်ဆိုတာ သူသိပါ့မလား

Can~Jack ငါသာ ဘန်ကောက်ပြန်သွားရင် မင်းဘယ်လို
လုပ်မလဲ

Jack~ဟမ် မင်းကဘန်ကောက်ပြန်တော့မလို့လား
ငါတော့တစ်ယောက်ထဲဖြစ်နေတော့မှာပဲကွာ မင်းကလည်း
ပညာတော်သင်လာတာ တစ်နှစ်ထဲနဲ့ဘယ်ပြန်လို့ဖြစ်မလဲ
မရဘူး မပြန်နဲ့

Can~ငါကလဲ ပြန်မယ်မပြောပါဘူး ပြန်ဖြစ်ခဲ့ရင်လို့ပြော
တာပါ အလွမ်းတွေကိုဖြေဖျောက်ချင်မိလို့ခဏလောက်
ပြန်ရင်ကောင်းမလားလို့ပါကွာ

Jack~မင်းပြောချင်တာက ဟိုလူနဲ့လား

Can~အင်း ဆေးရုံမှာတွေ့တဲ့လူ အဲ့တာငါ့ရဲ့ ပထဆုံးနဲ့
နောက်ဆုံးအချစ်ပဲ

Jack~ဒါနဲ့များ မင်းကဘာလို့သူ့ရှေ့မှာ ငါ့ကိုမင်းချစ်သူ
လို့ပြောလဲ ပြီးတော့ အဲ့တုန်းက ပြန်လိုက်ခဲ့လို့ခေါ်နေတာ
ပဲတစ်ခါတည်းပြန်လိုက်သွားတာမဟုတ်ဘူး

Can~အဲ့လိုလွယ်လွယ်နဲ့ ဘယ်လိုက်လို့ဖြစ်မလဲ ငါကြားချင်
သေးတယ် သူ့ဆီကချစ်တယ် ဆိုတဲ့စကားကို 

Jack~ဟက် မင်းကလည်း ချစ်တယ်လေးကြားရဖို့ကို
များ မဟုတ်တာတွေလျှောက်ပြောပြီး မူနေရသေးတယ်လို့
သူမပြောရင် ကိုယ်ကအရင်စပြောလိုက်ပြီးတာပဲ

I love you(completed)Where stories live. Discover now