Part-4

1.3K 92 0
                                    

Tin~Can……Can……!!!

Can~ဗျာ လာပါပြီ ဦး

အောက်ထပ်မှအထုပ်အပိုးများဖြင့် လှမ်းအော်ခေါ်နေသော
ဦး ဆီသို့အပြေးလေးသွားကာ လက်တစ်ဖက်မှအထုပ်
များကိုကူဆွဲပေးလိုက်သည်

Tin~ဒီအထုပ်တွေကို အပေါ်ထပ်ကမင်းအခန်းထဲ
သွားထည့်လိုက်Can

Can~ဟုတ်ကဲ့ဦး

အထုပ်များကို နိုင်သလောက်သယ်ကာ အခန်းထဲသို့ပို့လိုက်
သည် ဟူး လေးလိုက်တဲ့အထုပ်တွေဗျာ ဘာတွေထည့်ထား
လို့အဲ့လောက်တောင်လေးနေမှန်းမသိဘူး

Tin~Can……Can အထုပ်တွေထားပြီးရင်ပြန်ဆင်း
လာခဲ့ဦး

Can~ဟုတ်ကဲ့  ဦး

ဦးခေါ်နေတာကြောင့် စပ်စုနေတာကိုရပ်ပြီး အောက်ထပ်ကို
အမြန်ပြေးအဆင်း လှေကားပေါ်ကချော်ကာပြုတ်ကျတော့
လှေကားအောက်ကဦးက လှမ်းဖမ်းပေးတယ် ကျနော့်ရဲ့
ခေါင်းလေးက ဦးရဲ့ရင်ခွင်ထဲသို့ အလိုလို ရောက်သွားပြီး
ဦးကလည်း ကျနော့်ရဲ့ခါးကိုဖက်ထားသည် ဒီအခိုက်အတန့်
လေးမှာ ကျနော့်ရဲ့ကမ္ဘာကြီး ရပ်တန့်သွားခဲ့တယ် ခေါင်းမော့
လိုက်ချိန်ဆုံသွားခဲ့တဲ့ ဦးရဲ့အကြည့်တွေ က ကျနော့်ကို
အသက်ရှူ မှားလောက်အောင်ပြု စားနေတယ်

"Tin ငါ့အတွက် ညစာရော "

နောက်ကွယ်မှ မေးသံကြောင့် Canကိုဖက်ထားသည်ကို
အမြန်လွှတ်လိုက်သည် ထိုကလေးလေးကလည်း လန့်သွား
ကာ မျက်လုံးလေးပြူးပြီး ကျနော့်ရင်ခွင်ထဲကအတင်းရုန်း
ထွက်သည်လေ

Tin~ညစာ  အဲ ညစာကငါချက်ကျွေးမယ်လေ Fernရဲ့

Fern~အင်း ပြီးတာပဲ အဲ့ဒါဆို ငါ့အခန်းကိုလိုက်ပြပါလား
ငါအေးဆေးနားနေချင်လို့

Tin~ခဏလေးနေဦး Fernငါနင့်ကိုမိတ်ဆက်ပေးမယ်
ဒါက ……

Fern~Can အန်တီနဲ့ဦးလေးတို့က သဲသဲလှုပ်ချစ်တဲ့
မြေးလေးလေ ဟုတ်တယ်မလား ငါသိသားပဲ ငါနားချင်
နေပြီ Tin

ကလေးတစ်ယောက်လိုဦးရဲ့ လက်မောင်းကို မှီတွယ်ကာ
ပြောနေတဲ့ သူမသည် ပြစ်မျိုးမှဲ့မထင်လှပနေသည်
ဖြူ ဖွေးနေသောအသားအရေအပြင် ချောမောလှသော
ရုပ်ရည်အသွင်အပြင်နှင့်သူမသည် ကျနော့်လို သာမည
ကောင်နှင့် နှိုင်းရက်စရာတောင်မရှိ ဦးနဲ့လဲ နေနဲ့လ
ရွှေနဲ့မြလို လိုက်ဖက်ညီလှသည် ကျနော့်အတွက်တော့
သူမသည် ကံမိုးမှောင်ကျစေမဲ့ လူတစ်ဦးသာဖြစ်နေမလား

I love you(completed)Where stories live. Discover now