ဒဏ္ဏာရီလာသွေးကြော

79 5 0
                                    

Nine Sun God King

Author = The Lonely Thief

Chapter 2 : ဒဏ္ဍာရီလာသွေးကြော

အိမ်ရှေ့စံမင်းသားအသစ်၏ အောင်မြင်မှုအထိမ်းအမှတ် စားသောက်ပွဲပြီးနောက် ဝတ်ကောင်းစားလှများဆင်မြန်းထား သော မင်းသားမင်းသမီးများသည် စကားပြောဆိုရယ်မောနေကြ သည်။ ဧည့်ခံပွဲ၏ထောင့်တစ်နေရာရှိ ပန်းခြံလေးတစ်ခု၏ မှောင်ရိပ်ကျသောနေရာတစ်ခု၌  ဟောင်းနွမ်းသောအဝတ်အစား ကို ဝတ်ဆင်ထားသောချင်ယန်သည် တွေဝေမှိုင်ငေးနေ၏။ ထိုအချိန်၌ ဧည့်သည်တော်များ၏နားအတွင်းသို့စကားသံတစ်ခု ရုတ်ချဉ်းဝင်ရောက်လာသည်။

" အရင်အိမ်ရှေ့စံက စစ်သားလေးဖြစ်တော့မှာ နယ်စပ်ကိုသွား ပြီး လက်မရွံ့တပ်ဖွဲ့တွေနဲ့တိုက်ခိုက်ရတော့မယ်... ဒါ ကြီးမား တဲ့အခွင့်အရေးပဲ ဟဟ "

ထိုအရာကား နတ်ဆိုးပညာရပ်များကိုလေ့ကျင့်သည့်အတွက် တော်ဝင်အကြီးအကဲများ၏ ပြစ်ဒဏ်ချမှတ်ခြင်းပင်ဖြစ်သည်။

" သူ့မိခင်က နန်းတော်ထဲကလူတွေအပေါ် အမှားအများကြီး လုပ်ခဲ့တယ် "

" စကားမစပ် အိမ်ရှေ့မင်းသားက တိုက်ခိုက်ရေးခန္ဓာအဆင့်ငါး အထွတ်အထိပ်ကို ရောက်နေပြီဆို "

မိမိကိုနှိမ့်ချပြစ်တင်ကာ အိမ်ရှေ့စံအသစ်အားမြှောက်ပင့်ချီးကျူး နေကြသောစကားသံများသည် ချင်ယန်၏စိတ်နှလုံးကို ဒဏ်ရာ များစွာဖြစ်စေခဲ့၏။

" နောက်ဆုံးတော့သူအောင်မြင်သွားခဲ့ပြီ... ငါ့ရဲ့စိတ်ဝိဥာဉ် သွေးကြောတစ်ခုထက် အဆင့်အများကြီးသာသွားပြီလေ... အသက်ငယ်ငယ်နဲ့ တိုက်ခိုက်ရေးခန္ဓာအဆင့်ခြောက်ကို စတင်ဝင်ရောက်တော့မယ့် အရောင်အဝါတွေရှိနေပြီပဲ... ငါငယ်စဉ်ကထက် သူကအများကြီးသန်မာနေပြီ "

အိမ်ရှေ့မင်းသားအသစ်၏အောင်မြင်မှုသည် ချင်ယန်အားများ စွာ စိတ်ဓါတ်ကျစေခဲ့သည်။ ထိုမင်းသားသည် ကောင်းကင်ဘုံ ချင်အင်ပါယာ၏အနာဂါတ်ဖြစ်လာခဲ့လေပြီ... အိမ်ရှေ့မင်းသား သည် မနက်ဖြန်ဆိုလျှင် နာမည်ကျော်တီဟောင်ရှန်ကျောင်း၌ သွားရောက်ပညာသင်ယူတော့မည်ဖြစ်သည်။ ထိုကျောင်းသည် အလွန်ကျော်ကြားသော တိုက်ခိုက်ရေးပညာသင်ကျောင်းတစ်ခု ဖြစ်သည်။

နေကိုးစင်းနတ်ဘုရင်Where stories live. Discover now