ဝိဥာဉ်စွမ်းအင်ဆေးလုံးများ

54 4 0
                                    

Nine Sun God King

Author = The Lonely Thief

Chapter 3 (A) ဝိဥာဉ်စွမ်းအင်ဆေးလုံးများ

အိမ်ရှေ့မင်းသားအသစ်သည် စိတ်ဝိဥာဉ်သွေးကြောခြောက်ခု ပိုင်ရှင်ဖြစ်သည်။ သူသည် ကောင်းကင်ဘုံချင်အင်ပါယာ၏ သမိုင်းတွင် ပါရမီအကြီးဆုံးမင်းသားဟူ၍ သတ်မှတ်ခြင်းခံရ ပေသည်။ သို့သော် လက်ရှိအနေအထားအရ ချင်ယန်သည်သာ ပါရမီအရှိဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လက်ကောက်ဝတ်အတွင်းရှိ ဆန်းကြယ်သောပုလဲကိုးလုံးကို ပိုင်ဆိုင်ထားသောကြောင့် နေဝိဥာဉ်သွေးကြောကိုးခုရှိသူနှင့် တူညီနေပေ၏။ ချင်ယန်ကဲ့သို့သောပါရမီရှင်သည် စိတ်ကူးယဉ် ပုံပြင်များထဲတွင်သာရှိပေလိမ့်မည်။ အဖြစ်မှန်ကိုမသိသော လူများ၏အမြင်တွင်ချင်ယန်သည် နေဝိဥာဉ်သွေးကြောခြောက်ခု ပိုင်ဆိုင်သော ပါရမီရှင်မင်းသားနှင့်အလှမ်းကွာဝေးပေ၏။

ချင်ယန်သည် ခြံဝင်းတံခါးကိုဖွင့်လိုက်လျှင် သုတ်သီးသုတ်ပြာ ဖြစ်နေသော လူတစ်စုကိုတွေ့လိုက်ရသည်။ ထိုလူများသည် အိမ်ရှေ့မင်းသား၏အခန်းသို့ အပြေးအလွှားသွားရောက်၍ လက်ဆောင်များကိုပေးပို့နေကြခြင်းဖြစ်သည်။ အိမ်ရှေ့စံ မင်းသားသည် တီဟောင်ရှန်ကျောင်းသို့ပညာသင်ကြားရန် သွားရောက်မည်ဖြစ်သည်။ ယခုအချိန်တွင် ထိုလူအားလုံးသည် အိမ်ရှေ့မင်းသားကို မျက်နှာလိုမျက်နှာရလုပ်၍ မိမိတို့အတွက် အကျိုးကျေးဇူးကိုရှာဖွေနေကြခြင်းဖြစ်သည်။

တစ်ချိန်ကချင်ယန်သည် အိမ်ရှေ့စံသရဖူဆောင်းခဲ့ချိန်တွင် ထိုလူအားလုံးသည် မိမိအား အလွန်အမင်းဖော်လန်ဖားကာ မြောက်ပင့်ခဲ့ကြ၏။ သို့သော် လွန်ခဲ့သောငါးနှစ်ကချင်ယန်သည် အိမ်ရှေ့စံနေရာရုတ်သိမ်းခံခဲ့ရ၏။ ထိုလူများသည် သိသာစွာ ပြောင်းလဲသွားပြီး ယခင်နှင့်ခြားနားစွာလှောင်ပြောင်ခဲ့ကြသည်။
ထိုလူများသည် တော်ဝင်အကြီးအကဲများထံပြောင်းရွှေ့သွားကာ  မိမိအားရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုခဲ့ကြသည်။ ချင်ယန်သည် နောက်ပိုင်းတွင် ထိုလူများနှင့်မတွေ့ရန်ရှောင်တိမ်းခဲ့သည်။

ထိုအောက်တန်းကျသောလူများသည် မိမိတစ်ဘို့တည်းသာ ကြည့်တတ်ကြသည့် တကိုယ်ကောင်းသမားများသာဖြစ်ကြ သည်။ အင်အားကြီးမားသူများအတွက် ထိုလူများသည် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမရှိချေ။ ထိုသို့သော လူများ၏စိတ်ဓါတ်နှင့်အကျင့်စရိုက်များကို ကိုယ်တွေ့ကြုံခဲ့ သည့် ချင်ယန်သည် မိမိ၏စွမ်းအားများပိုမိုကြီးမားလာရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။

နေကိုးစင်းနတ်ဘုရင်Where stories live. Discover now