နေကိုးစင်းနတ်ဘုရင်
Chapter 3 (B) - ဝိဥာဉ်စွမ်းအင်ဆေးလုံးများ
Original Novel - Nine Sun God King
Novelist - The Lonely Thief
Translator - Aung Moe Thuချင်ယန်သည် မိမိအား အစောင့်အဖွဲ့မှမထီလေးစားပြုနေ ကြောင်း ခံစားလိုက်ရသည်။ ဒေါသစိတ်များဖြစ်ပေါ်လာ သော်လည်း စကားတစ်ခွန်းမှမပြောချေ။ ဤနှစ်များအတွင်း ယခုလိုဖြစ်ရပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သူသည် မင်းသားတစ်ပါးဖြစ်သော်ငြား လူများစွာစီတန်းကြိုဆိုကာ ချီစွမ်းအင်ဆေးလုံးများကို ရယူနိုင်ခဲ့ခြင်းမရှိချေ။ ချင်ယန်သည် ပထမဝင်ပေါက်သို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။
ဆေးဖြန့်ဖြူးရောင်းချသည့်နေရာတွင် တာဝန်ယူထားသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်သည်။ ချင်ယန်ကိုလှမ်းမြင်လိုက်သောအခါ သူ၏မျက်လုံး များမှ အထင်သေးသောအရိပ်အယောင်များပေါ်လာခဲ့သည်။ ထို့နောက် တမင်လုပ်ယူထားသောအသံဖြင့်
" နံပါတ်ငါးမင်းသားလေး... ဒီနေရာကိုဘာလာလုပ်တာလဲ? "
မျက်နှာဝိုင်းဝိုင်းနှင့်သက်လတ်ပိုင်းအရွယ်လူသည် မိဖုရားကြီး၏ လူယုံတစ်ယောက်ဖြစ်သည်။ ယခုအချိန်တွင် ဤနန်းတော် အတွင်း၌ မိဖုရားကြီး၏သြဇာအာဏာကြီးမားနေပေ၏။ သူမ၏ ခွေးတစ်ကောင်ကဲ့သို့သစ္စာရှိကျွန်ယုံများ နေရာအနှံ့ရှိနေသည်။
ချင်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ချီစွမ်းအင်ဆေးပြားတွေရယူဖို့ ငါဒီနေရာကိုလာခဲ့တာ "
" မင်းက အဆင့်နှစ်တိုက်ခိုက်ရေးခန္ဓာနယ်ပဲမှာပဲ ရှိသေးတာ မလား... ဒီကိုလာပြီး ပြဿနာလာမရှာပါနဲ့ "
မျက်နှာဝိုင်းဝိုင်းနှင့်လူမှ လှောင်လိုက်ခြင်းဖြစ်သည်။ ထပ်မံ၍
" လွန်ခဲ့တဲ့ငါးနှစ်ကလို မင်းကိုယ်မင်း အိမ်ရှေ့မင်းသားထင်နေ တာလား... တကယ့်အိမ်ရှေ့မင်းသားက လူတွေကြားထဲက စစ်မှန်တဲ့နဂါးကွ... မိုးကောင်းကင်ရဲ့သားတော်ပဲ "
YOU ARE READING
နေကိုးစင်းနတ်ဘုရင်
ActionNine Sun God King Author = The Lonely Thief အကျဉ်းချုပ် ကောင်းကင်ဘုံချင်အင်ပါယာ၏ ဂုဏ်သိက္ခာကျဆင်းစေသော အပယ်ခံအိမ်ရှေ့မင်းသား သို့မဟုတ် နေကိုးစင်းကမ္ဘာ၏ အမွေဆက်ခံသူချင်ယန်... သူ၏လက်များတွင် ကမ္ဗည်းတင် ထားသော အမွေအနှစ် ဝါ ဒဏ္ဍာရီလာပါရမီစွမ်းအား... အဆင့်မြင...