1.4-ĴUŃ REN(2)

1.5K 212 10
                                    

'ဘဝက စည်းစိမ်​ချမ်းသာ​တွေနဲ့ ပြည့်​​နေပါလား...အရမ်းမိုက်​တာပဲ´

သူမက ​ကောင်း​ကောင်းဝတ်​၊​ကောင်း​ကောင်းစားရပြီး ​ကောင်း​ကောင်း ဆက်​ဆံခံရတာ​ကြောင့်​ ​ပျော်​ရွှင်​​နေပါတယ်​။ သူတို့က MLရဲ့​ဈေးကြီးလှတဲ့ ကားထဲကို ဝင်​လိုက်​ပြီး​နောက်​ ​ရွှေ​ရောင်​လိုင်းပါတဲ့ နူးနူးညံညံ့  အနီ​ရောင်​ကူရှင်​ကို ထိုင်​ခုံ အဖြစ်​​တွေ့လိုက်​ရတယ်​...Hostက MLကို အူလည်​လည်​ ကြည့်​မိ​တော့ MLက သူမကို အဲ့​နေရာ မှာ သက်​​သောင့်​သက်​သာဖြစ်​​အောင်​ ထားလိုက်​ပြီး ကားကို ကုမ္ပဏီ ဆီ ဦးတည်​လိုက်​တယ်​။

သူတို့ အဓိကရုံးခန်းထဲကို ​ရောက်​တဲ့အခါမှာ​တော့Host အရမ်းကို အံ့သြသွားတယ်​။

'ဒါက ရုံးခန်းတဲ့လား...ဒါမှမဟုတ်​ ဘာကြီးတုန်းဟ!´

Hostက အစိမ်း​ရောင်​ ​ကော်​​ဇော်​ထက်​က ဖြတ်​​လျှောက်​သွားပြီး ​ကြောင်​​မျှော်​စင်​၊ ​ကြောင်​အစားအစာ၊ ​ရေခွက်​၊ အရုပ်​မျိုးစုံနဲ့ ​ကြောင်​ပစ္စည်းအရုပ်​​တွေ၊ ​ကြောင်​အသုံးအ​ဆောင်​​တွေနဲ့ ကစား​စရာ​တွေ ရှိ​နေတာ​ကို ​တွေ့လိုက်​ရတယ်​။

MLက သူ့​ကြောင်​ရဲ့ တုံ့ပြန်​မှုကို ကြည့်​ပြီး ​ကြောင်​​လေးရဲ့ အံအားသင့်​သွားတဲ့ပုံ​လေးကို မြင်ချင်​​နေတယ်​။ဘာက မှား​နေတာလဲ? ဒါက...ပန်း​ရောင်​​တွေ ဖြစ်​​နေလို့များလား?

'နင်​က ငါ့ရဲ့ အမျိုးအစားကို တကယ်​အ​လေးထားတာပဲ ML..ah´

Hostက ​ကြောင်​​မျှော်​စင်​​ပေါ်ကို ​ပြေးတက်​သွားပြီး​တော့ ထိပ်​ဆုံးထပ်​မှာ ပျင်းရိစွာ ထိုင်​​နေတယ်​...သူ့ရဲ့ မျက်​လုံး​တွေက​တော့ MLကို ကြည့်​​နေလို့​ပေါ့...သူမက ​မျှော်​စင်​​ပေါ်က​နေ ကြည့်​​နေတာ​ကြောင့်​ MLခမျာ အလုပ်လုပ်​​နေရင်း အလွဲလွဲအ​ချော်​​ချော်​ဖြစ်​​နေပါတယ်​...သူ့ရဲ့ ချစ်​စရာ​ကြောင်​​လေးက သူ့ကို သား​ကောင်​​ချောင်းသလို ကြည့်​​နေတာ​ကြောင့်​ သူ့ရဲ့ စိတ်​ခံစားချက်​က ​လေ​ပေါ်​မြောက်​သလို ​ကောင်းကင်​​ပေါ်​ရောက်​​နေသလိုမျိုး ​ကြည်​နူး​နေပါတယ်​...။

PET SYSTEM:BE THE FAMOUS PET OF ALL(MM Translation) Where stories live. Discover now