1.9 - ĴUŃ REN

583 86 2
                                    


Unicode

သူတို့ စားသောက်ဆိုင်၏ ကိုယ်ပိုင်အခန်းသို့ရောက်ချိန်မှာတော့ ဒိုင်လူကြီးများ၊ ဒါရိုက်တာနှင့် အရေးပါသော ဝန်ထမ်းတို့က ရောက်ရှိနှင့်နေလေပြီး နောက်လွှင့်မည့်အပိုင်းများအတွက် ဆွေးနွေးနေကြသည်။ သူတို့က နောက်လည်းမကျသလို စောလည်းစောမနေပေ။ ကျင်းယန်က အဓိက ထိုင်ခုံပေါ်တွင် ထိုင်လိုက်လေပြီး အနားမှ ဖြတ်သွားသည့် စားပွဲထိုးကို နောက်ထပ် ထိုင်ခုံယူလာရန် စေခိုင်းလိုက်သည်။ သူတို့၏နောက်တွင်တော့ Hostကို ဂရုစိုက်ပေးသည့် အစေခံမိန်းကလေးငယ်က ရပ်နေပေသည်။ ထိုင်ခုံက အလွန်ပင် ကောင်းမွန်လှလေပြီး ကျက်သရေရှိလွန်းလှသည်။ အစေခံမိန်းကလေးငယ်က အနီရောင် ကတ္တီပါ ခေါင်းအုံးလေးကို ထိုင်ခုံပေါ်ချလိုက်ပြီး ကျင်းယန်က Hostကို ယင်းအပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ [T/N- I want to be cat🤧 Meow~] သူမက ခေါင်းအုံးပေါ်သို့ ခေါင်းမှီကာ အပျင်းဆန့်လိုက်လေပြီး အစားအစာများကို စောင့်နေရင်းပင် ဆွေးနွေးနေကြသော ထိုသူတို့ကို ပျင်းရိစွာ ကြည့်လိုက်လေ၏။ သူတို့က ML ကြောင်လေးကို ချီလာသည်ကိုတော့ မဝေဖန်ရဲကြပေ။ ထိုကြောင်လေးသည် MLအတွက် အလွန့်အလွန် အရေးပါလှတာ​ကြောင့် သူတို့က ကြောင်လေးကို ဂရုတစိုက် ဆက်ဆံရပေမည်။  ထိုသို့မဟုတ်လျှင် သူတို့ကို ဘယ်လို ကန်ထုတ်လိုက်သည်ကိုပင် သိနိုင်မည်မဟုတ်ပေ။

အစားအသောက်များ ရောက်လာချိန်မှာတော့ သူတို့က စကားကိုရပ်လိုက်ကြပြီး စားသောက်လိုက်ကြသည်။ အခြားသူများက ကိုယ့်အစားအသောက်ကို စားနေချိန်၌ အစေခံက ကြောင်လေးကို တာဝန်ကျေစွာ အစာကျွေးနေလေသည်။

ဟင့်အင်း...သူတို့အားလုံး MLက ကြောင်လေးရဲ့ ပန်းကန်ထဲကို အသားတုံးလေးတွေထည့်ပေးတဲ့ကိစ္စကို လုံးဝ မမြင်ဘူး!

ဟင့်အင်း... သူတို့ မမြင်ပါဘူး!ကြောင်လေးက စားရတာပျော်လို့ မြောင် မြောင် အော်တော့ MLက အစေခံမလေးကို သတ်ပစ်ချင်တဲ့အကြည့်နဲ့ ကြည့်နေတာကိုလေ!

ပြီးတော့ သူတို့ တကယ်ကြီးကို မမြင်ပါဘူး! MLက အဲ့ဒီ့ကြောင်ပျင်းလေးကို သူ့ရင်ခွင်ထဲထည့်ပြီး ပွတ်ပေးနေတာကိုပေါ့!

PET SYSTEM:BE THE FAMOUS PET OF ALL(MM Translation) Where stories live. Discover now