Unicode
MLက သူတို့နှစ်ယောက်လုံး spaသွားရန် ဆုံးဖြတ်လိုက်ပေသည်။ Queenက အနည်းငယ်စိတ်မပါပဲ သံသယဖြင့် ပြည့်နေသောကြောင့်ဖြစ်သည်။
ဒီMLကလည်း spaသွားချင်နေတာလားဟ!?
သူမ ဒီကို စရောက်ကတည်းက အမြဲလိုလို တစ်ယောက်တည်း spaသွားရသည်။ အခုတော့ MLက သူမနဲ့အတူ သွားချင်တာတဲ့လား...။
အလုပ်သရဲ MLက ဘာတွေဖြစ်ကုန်တာလဲ?!
ဒါပေမဲ့ Queen က အခြေခံအရာလေးတွေကိုတော့ လုပ်ခွင့်ပြုနေဆဲပင်။ စားသောက်ခြင်း၊ ရေချိုးခြင်း၊ သူမ၏ လည်ပတ်လေးကို ဆွဲကာ MLနှင့်အတူ စံအိမ်မှ တန်ဖိုးကြီးစျေးကြီးလှသည့် porsche အနက်ရောင်ကားနှင့် ထွက်လာခြင်းတို့ ဖြစ်သည်။ ထိုနေ့တွင် system က စကားလာပြောချိန်မှာတော့ သူမက သူမ၏ အနီရောင်ကတ္တီပါခေါင်းအုံးလေးထက်တွင် ပျင်းရိစွာ မှီနေဆဲဖြစ်သည်။
[Hostနဲ့ MLတို့သွားတဲ့ spaမှာလေ...ဇာတ်လိုက်မရဲ့ အစ်ကိုအလုပ်လုပ်နေတာ...]
'ဟမ်...အဲ့ဒီလူရဲ့ အကြောင်းကိုပြော...'
[သူ့နာမည်က ဘန်...အသက်က ၁၉နှစ်...သူ့ညီမ ဒီမြို့ကို ရောက်နေတာလည်း မသိသလို ထိပ်တန်းမော်ဒယ်ရှိုးပွဲမှာ ပါတယ်ဆိုတာလည်း မသိဘူး...သူက တွက်ချက်တတ်ပြီး လိမ္မာပါးနပ်တဲ့လူတစ်ယောက်ပဲ...သူ့မှာ ပြစ်မှုတွေကနေအလွယ်တကူလွတ်မြောက်ဖို့အတွက် များပြားလှတဲ့ နာမည်တွေရှိတယ်...ဒီအချက်အလက်တွေအပေါ်မူတည်ပြီး Hostအနေနဲ့ နောက်ထပ်ခြေလှမ်းကို သေချာသတ်မှတ်နိုင်လောက်ပါတယ် ]
'အမ်း...နှလုံးသားစနစ်ကရော အခြေအနေဘယ်လိုလဲ'
[နှလုံးသားစနစ်ဘားက အနီရောင် ၃၂ကို တရားဝင် ရောက်သွားပြီ]
ခဏမျှ တိတ်ဆိတ်သွားကာ...
'System... ငါ ရူးနှမ်းတဲ့အရာတစ်ခု လုပ်ချင်တယ်'
System က သူ့ရဲ့ hostကို ခပ်ကြာကြာ ကြည့်လိုက်ပြီး...
[မင်း သိပြီးသားလား?]
'ဟမ့်... အဲ့ဒီ ဘန်က ဗီလိန်မလား...နောက်တစ်ပိုင်းကျ နောက်ထပ်ဗီလိန်မတစ်ယောက် ပေါ်လာဦးမှာမလား...ဟုတ်တာပေါ့...ငါက ဇာတ်ကြောင်းတစ်ခုလုံးကို ဖောက်မြင်နေရတယ်...MLလိုလူမျိုးက ဟိုမိန်းမကို ကြိုက်ဖို့ဆိုတာ ဒီလို ဇာတ်ကောင်အသေးလေးတွေ လိုတယ်လေ'
YOU ARE READING
PET SYSTEM:BE THE FAMOUS PET OF ALL(MM Translation)
Mystery / Thriller"ယီးပဲ...System စုတ်!ငါလေးကို သေတွင်းအကြိမ်ကြိမ်ပို့နေတယ်!!!."