1.6 - ĴUŃ REN

1.3K 190 6
                                    

ထို​နေ့လည်​ခင်းတွင်​ ပုံရိပ်​​ယောင်​ကမ္ဘာတစ်​ခုလုံးက တည်​ငြိမ်​​နေဟန်​ပါပဲ...မည်​သည့်​ စိတ်​လှုပ်​ရှားမှု နှင့်​ အငြင်းပွားဖွယ်​ရာ တစ်​စုံတစ်​ရာ ပင်​ မရှိ​ပေ။ လူအချို့သာ online ဖြစ်​​နေကြပြီး ဖိုရမ်​ တစ်​ခုပြီး တစ်​ခု ကူး​ပြောင်းကြည့်​ရှု​နေကြသည်​။ ထိုသို့​သော ပျင်းရိဖွယ်​ အ​နေအထား၌...ရုတ်​တရတ်​ noti တက်​လာ​လေသည်​။ ၄င်းမှာကား နတ်​ဘုရား ဂျန်​ယန်​ က Live Stream လွှင့်​​နေခြင်းပင်​တည်း။!!!

လူတိုင်းပင်​ အသက်​ပြင်းပြင်း ရှုလိုက်​မိကာ တတ်​နိုင်​သ​ရွေ့ မြန်​မြန်​ noti ကို ဖိကြည့်​လိုက်​ကြ​ချေ၏။

[အား!အားးး...!!!နတ်​ဘုရားက Live Stream လွှင့်​​နေပြီ...ဘာ​တွေဖြစ်​ကုန်​တာလဲ!]

[ငါဘဝမှာ ဘယ်​ LSမှ ဒီ​လောက်​မြန်​မြန်​ clickနှိပ်​မကြည့်​ဖူးဘူး...(ရယ်​​နေ​သော စတစ်​ကာဖြင့်​)]

[ဖြစ်​နိုင်​သမျှ ဖြစ်​​အောင်​ မဆိုင်းမတွ ​ရောက်​လာပြီ​ဟေ့!ခုနက အဖွဲ့ ဘယ်​​ရောက်​သွားလဲ]

[အ​ပေါ်မှာဗျို့!]

[အ​ပေါ်မှာဗျို့ +1]

[အ​ပေါ်မှာဗျို့ +20]

[​နေဦး...​နေဦး!နတ်​ဘုရားက ဘယ်​မှာလဲ? ]

နေရာ အ​နေအထားအရ ဒါကတကယ့်​ကိုပဲ နတ်​ဘုရားရဲ့ ရုံးခန်းနှင့်​ တူ​နေ​ချေ၏။ကင်​မရာ မြင်​ကွင်းမှတဆင့်​ ဇိမ်​ခံဆုံလည်​ကုလားထိုင်​ကြီးကို မြင်​​နေရပြီး မှန်​အနက်​တို့ဖြင့်​ ကာရံထား​သော နံရံတို့က  ထုတ်​လွှတ်​​နေ​သော ခပ်​​ဖျော့​ဖျော့ အလင်းတန်းကို ​တွေ့မြင်​ရသည်​။ လူတိုင်းလိုပင်​ အခန်းပတ်​လည်​ကို တစ်​လက်​မပင်​မကျန်​​အောင်​ မြန်​မြန်​ကြည့်​ရှု လိုက်​ကြ​ချေသည်​။

[ဒီမှာ ဘာဖြစ်​​နေတာလဲ!]

[ငါတို့ရဲ့ နတ်​ဘုရားက​ရော ဘယ်​မှာလဲ???]

Host က သူ့ကိုယ်​သူ ပြသဖို့ အချိန်​ကျပြီဆိုတာကို သိလိုက်​သည်​။

သူမရဲ့ ​​ကြောင်​ ခန္ဓာကိုယ်​​လေးကို အသင့်​ပြင့်​လိုက်​ကာ ​ရှေ့​​ခြေသည်းတို့ကို ဆန့်​ထုတ်​လိုက်​ရင်း ခုံ​ပေါ်သို့ တင်​လိုက်​​လေသည်​။ ကင်​မရာထက်​တွင်​ သူမ၏ ​ခြေသည်းနှစ်​စုံမှာ ​​သေးငယ်​​သော မုန့်​ချိုလုံး​ဖြူ​လေး နှစ်​ခုစဖွယ်​ ငုံထားချင်​စရာ​ကောင်း​နေ​ချေ၏။

PET SYSTEM:BE THE FAMOUS PET OF ALL(MM Translation) Where stories live. Discover now