""""""""""""နောက်ခံမော်နီတာ အလင်းပြားမှာ
ကပ်ထားတဲ့ ကိုယ့်ရဲ့ခြေထောက်မြင်ကွင်း
ခြေသလုံး နဲ့ ပေါင်"ဒီမှာမြင်လား ဒီအရိပ်ထင်နေတဲ့နေရာ
တွေက ရောင်နေတဲ့ ပဲ့ရွဲ့နေတဲ့
ကြွက်သားအရွတ်ဆိုင်ကြီးတွေ
ဘယ်လောက်ထိဆိုးနေလဲ ဆိုရင်
ချက်ချင်းကိုပဲ့ကျတော့မယ့်အတိုင်းပဲ
ဒီလောက်ဖြစ်နေတာကို မင်း
ဘယ်လိုကနေလဲ ငါတော့နားမလည်
နိုင်အောင်ပဲ..""နာကျင်ရတယ်ဆိုတာကတော့
ရှိတတ်ကြတာပါပဲ Dr ကျွန်တော့မှာ
ရွေးချယ်စရာမှမရှိပဲ""ဖြစ်နိုင်ရင်အမြန်ဆုံးခွဲစိတ်တာကောင်း
တယ်""ခွဲစိတ်ပြီးရင် ပြန် က ဖို့ကမဖြစ်နိုင်တော့
ဘူးမို့လား Dr..""ပြန်ကဖို့စဉ်းစားနေသေးတာလား
စိတ်တော့မကောင်းဘူး ဘယ်တော့
မှပြန်ကနိုင်မှာ မဟုတ်တော့ဘူး..."အဲ့လိုဆိုမှတော့ ခုမခွဲစိတ်လဲ
ဘာမှမဖြစ်ဘူးမဟုတ်လား"အမြန်ဆုံးခွဲစိတ်လိုက်တာ အကောင်း
ဆုံးပါပဲ Mr.Perawat...
ဖြစ်နိုင်ရင် မနက်ဖြန်သဘက်ပေါ့...""ကျွန်တော် စဉ်းစားပါဦးမယ် Dr
ဒါဆို ကျွန်တော့ကိုသွားခွင့်ပြုပါဦး""""""""""""""""
အရာအားလုံးရင်းနှီးထားခဲ့ပြီးပြီ
ဒီလမ်းကို လျှောက်ဖို့အတွက်
အရာအားလုံးစွန့်လွတ်ခဲ့ပြီးမှ
ခုတော့....
ကျွန်တော် ဘာဆက်လုပ်ရမလဲ...
မေမေ
မေမေသာဆိုရင် ကျွန်တော့ကို
ဘယ်လိုအကြံမျိုးပေးနိုင်မလဲဒီပွဲအတွက် အကုန်ပုံအောထားခဲ့ပြီ
ခုလက်ရှိနေနေတဲ့ Condo ရယ်
ဘဏ်စာအုပ်ထဲက ငွေအနည်းငယ်
ရယ်ကလွဲရင်
မဆိုးသေးပါဘူးလေ"ညီ့ရဲ့ ပွဲအတွက် ကိုယ်လက်မှတ်
ဝယ်ထားပြီးပြီ"အသံကြားမှပင် ကိုယ့်ဘေးမှာ
ကားမောင်းနေတဲ့ လူတစ်ယောက်
ရှိနေသေးတာကို အမှတ်ရသည်"ဟုတ်လား...ကျွန်တော်က P ကို
လက်ဆောင်ပေးမလို့ကို..."ကားကို ဂရုတစိုက်မောင်းနေရင်းမှပင်
လှည့်ပြီး ပြုံးပြသည်
နွေးထွေးသည် မနက်ခင်းနေရောင်ခြည်
လို တောက်ပပြီး နွေးထွေးသည့်
အပြုံးမျိုး...
YOU ARE READING
Slow Dancing In My Heart(complete)
Short Storyကိုယ် ဒီstoryလေးကိုတော့ slow dancing in the big city ဆိုတဲ့ Barra Grantရဲ့ စာအုပ်ကို အနည်းငယ် ကျောရိုးယူပြီး ရေးပါတယ်.... မူရင်းစာအုပ်မှာက သတင်းစာဆရာ တစ်ဦးနဲ့ဘဲလေးကခြေသည်မလေး အကြောင်းပါ ကိုယ် ကတော့ အနည်းငယ် (or)တော်တော်များများ ပြောင်းလဲပြီး ရေးမိပ...