"""""""""""""မြင်နေရသည့်မြင်ကွင်းတို့က
စိတ်ကို ဆိုးရွားစေသည်
တင်းကျပ်စွာပွေ့ပိုက်၍
အနမ်းတွေဇွတ်ပေးနေသည့်
လူတစ်ယောက်
နံရံမှာဖိကပ်ခံရကာ ရုန်းထွက်မရသော
အနမ်းတို့ကိုလက်ခံနေသည့်
ကောင်ကလေးထောင့်ချိုးကနေ ချောင်းကြည့်သလို
ဖြစ်နေသည့် အဖြစ်က
လူကြီးလူကောင်း မဆန်မှန်းသိသည်
ဒါပေမယ့်.......
ကိုယ်ချစ်တဲ့သူနဲ့နူတ်ခမ်းချင်း
ဂဟေဆက်နေသူက
ကိုယ်မဟုတ်သည့်အဖြစ်ကို
ပို၍ နာကျင်သည်မမြင်ချင်တော့သော မြင်ကွင်းတို့ကို
ကျောခိုင်းအပြီးမှာပဲအတင်းတွန်းထုတ်ပြီး လက်သီးတစ်ချက်
ပစ်ထိုးလိုက်သည့် ကောင်လေးရဲ့
ဒေါသမျက်နှာကို သူမမြင်လိုက်ရတော့...""""""""""""
တိတ်ဆိတ်စွာ ကားမောင်းနေတဲ့သူရဲ့
မျက်နှာကို မသိမသာကနေ
သိသိသာသာ ကြည့်နေမိသည်ကို
သတိမရတော့...
ကိုယ့်လိုပဲ သူ့စိတ်ထဲလည်း
ရာသီဥတုက ကြည်လင်မနေဘူး
ထ
င်ပရောက်လာထဲက စကားလည်းတစ်ခွန်း
မှမပြော
ကိုယ်လုပ်တာစောင့်ကြည့်နေပြီး
ပြန်မည်ဆိုမှ လက်ဆွဲကာ
ကားထဲဝင်ခိုင်းသည်Condo ကိုရောက်ပြီး
ဓာတ်လှေကားစီးကာ
အခန်းရှေ့ရောက်သည်အထိ
ဘာတစ်ခွန်းမှ ထွက်မလာပဲ
ချက်ချင်းလှည့်ပြန်သွားသည်မခန့်မှန်းတတ်တော့
ကိုယ်သည်လည်း အနည်းငယ်
နာကျင်နေသည့် ညာဘက်လက်ကို
နာကျင်မှုပျောက်အောင်
ဘယ်လိုလုပ်ရမည်မှန်းမသိကိုယ်ဟာ ဒီလောက်တောင်ပဲ
ပျော့ဖတ်နေသလား...
ယောက်ျား တစ်ယောက်ရဲ့
အတင်းအဓမ္မနမ်းချင်းကိုခံရသည့်
ယောက်ျား တစ်ယောက်
လက်သီးနဲ့တစ်ချက်ပဲထိုးခဲ့တာတောင်
လက်ပါ နာကျင်နေရသည့်အဖြစ်ဒါပေမယ့်........
မှုန်ကုပ်နေတာလည်းမဟုတ်ပဲ
တည်တည်တင်းတင်းမျက်နှာက
ကိုယ့်အတွေးတွေထဲမှာကုတင်ပေါ်လှဲချပြီး
အတန်ကြာစဉ်းစားတွေးတောနေပြီးမှ
မနေနိုင်တော့.....
သိချင်သည် ချိုသာသောအပြုံးတို့ပင်
ကွယ်ပျောက်ရလောက်အောင်
အဘယ်အကြောင်းတို့က စိတ်ဖိစီး
နေသနည်း.....
VOUS LISEZ
Slow Dancing In My Heart(complete)
Nouvellesကိုယ် ဒီstoryလေးကိုတော့ slow dancing in the big city ဆိုတဲ့ Barra Grantရဲ့ စာအုပ်ကို အနည်းငယ် ကျောရိုးယူပြီး ရေးပါတယ်.... မူရင်းစာအုပ်မှာက သတင်းစာဆရာ တစ်ဦးနဲ့ဘဲလေးကခြေသည်မလေး အကြောင်းပါ ကိုယ် ကတော့ အနည်းငယ် (or)တော်တော်များများ ပြောင်းလဲပြီး ရေးမိပ...