"""""""""""""""
""""""""""""""
ဒီနေ့တော့ duty အစောကြီးသိမ်းသည်
မို့ ကိုယ်နေထိုင်ရာ တိုက်ခန်းဗိမ္ဗာန်
လေးဆီသို့ မိုးမချုပ်ခင်ရောက်လာသည်
ဘာစားရမလဲ စဉ်းစားနေသော်လည်း
ကိုယ့်တိုက်ခန်းမှာ ခေါက်ဆွဲခြောက်ထုပ်
ပင်မရှိသည်မို့.....မျက်နှာချင်းဆိုင်မှ 24 hr mini market
လေးဆီ ခပ်ဖြည်းဖြည်းပင်
လမ်းကူးလာခဲ့လိုက်သည်
ခေါက်ဆွဲခြောက်ထုပ် များထားရာ
စင်ဆီသို့အသွား...
တွေ့လိုက်ရသည်က ကိုယ့်ရဲ့
ဆံနီကောင်လေး.........ကောင်းနိုးရာရာ ခေါက်ဆွဲခြောက်ထုပ်
များကို ရွေးချယ်ယူနေသည်လေ
မမှတ်မိမှာစိုး၍ မမေးတော့ဘူး
စိတ်ကူးမိသော်လည်း.....နူတ်ခမ်းတို့က
တော့...."မင်း ခြေထောက်သက်သာလား.."
ဟု မေးမိနေခဲ့ပြီးပြီ...
အံ့သြသလိုမျက်နှာလေးဖြစ်သွားပြီးမှ
ခပ်ဖြည်းဖြည်းလေး ပြုံးပြလာပြန်သည်"ဟုတ် သက်သာပါတယ် Khun"
ဆိုတဲ့စကားသံလေးအကြားမှာတော့
လှုပ်ခုန်သွားသည့် နှလုံးသားလေး...
သူလေး မှတ်မိသည်ပေါ့..."ကိုယ့်ကိုမှတ်မိလား" လို့မဖြစ်မနေ
မေးလိုက်မိသေးသည်.."ကျွန်တော် မှတ်မိပါတယ် Khunရဲ့
မနေ့ကတင် ဆေးခန်းမှာ တွေ့လိုက်သေး
တာပဲ"အား......ဒါ ပျားရည်တွေလား....
တစ်ကိုယ်လုံးပင် ချိုအီသွားပြီ..."မှတ်မိတာတောင် မခေါ်ဘူးနော်
ကိုယ်က ညီ မမှတ်မိမှာစိုးလို့...လှမ်းမခေါ်
လိုက်တာ"
လို့ ရန်တွေ့သလိုပြောလိုက်တာ
ကိုယ်မှဟုတ်ရဲ့လား....စီရီနေသော သွားဖွေးဖွေးလေးတွေ
ပေါ်သည်အထိ ရယ်ပြီး"ကျွန်တော်လည်း Khun လိုပဲလေ
မမှတ်မိမှာစိုးလို့ပေါ့ ပြီးတော့ ဒဏ်ရာ
အကြောင်းပြပြီး ငွေညှစ်မယ့်လူ လို့
ထင်မှာစိုးလို့်....""ထင်စရာလားကွာ" လို့ ပြောပြီး
မချင့်မရဲ ရယ်မိသည်
ထပ်ပြီးသိချင်တာကလည်း ပေါ်လာသည်မို့"ဒါနဲ့ ညီက ဒီနားနေတာလား ဘယ်မှာနေ
တာလဲ"
သူလေးက ကိုယ့်တိုက်ခန်းရှိရာ
အဆောက်အဦးဆီ လက်ညိုးထိုးအပြမှာ
တော့.........
အပျော်တို့သည် ထိန်းမရတော့...
ŞİMDİ OKUDUĞUN
Slow Dancing In My Heart(complete)
Kısa Hikayeကိုယ် ဒီstoryလေးကိုတော့ slow dancing in the big city ဆိုတဲ့ Barra Grantရဲ့ စာအုပ်ကို အနည်းငယ် ကျောရိုးယူပြီး ရေးပါတယ်.... မူရင်းစာအုပ်မှာက သတင်းစာဆရာ တစ်ဦးနဲ့ဘဲလေးကခြေသည်မလေး အကြောင်းပါ ကိုယ် ကတော့ အနည်းငယ် (or)တော်တော်များများ ပြောင်းလဲပြီး ရေးမိပ...