💢မာနမျဉ်းပြိုင်💢[အခန်း ၂]
""မင်းသခင်....""
""၀ူး......""
""တီး...တီး....""
နိုင်ထက်စီး မင်းသခင်ကိုမြင်တော့အထိပ်အလန့်ဖြစ်သွားကာ မျက်ခြေဖျက်ဖို့မောင်နှင်နေသည့်ကားအရှိန်ကိုမြင်လိုက်ပြီး ရှေ့ကကားတွေကိုဟွန်းတီးအချက်ပေး၍ကျော်တက်လိုက်သည်။
""၀ူး.....""
""တီး...တီး...""
နိုင်ထက်စီး ကားလေးကျော်တက်သွားပြီးမကြာ မင်းသခင်ကားလေးလည်းထိုနည်းလည်းကောင်း ရှေ့ကားတွေကိုကျော်တက်ကာ နိုင်ထက်စီး ကားကိုအမှီလိုက်၏...။ပြိုင်ကားအင်ဂျင်ပါဝါတူတာကြောင့် နိုင်ထက်စီး မင်းသခင်ကားကိုမျက်ချေဖျက်ဖို့ခက်မည်မှန်းလည်းသိသည်။သို့သော်ဇွဲမလျော့ပဲ ကွေ့ပတ်ကာ လျှောက်မောင်းလေသည်။
မင်းသခင် လည်းခေသူမဟုတ်တာကြောင့် ကားမောင်းကျွမ်းကျင်သူပီပီ နိုင်ထက်စီး အပွေ့အပတ်အတိုင်းတစ်သွေမသိမ်းမောင်းနှင်လိုက်ပါလာခဲ့သည်။နိုင်ထက်စီးကားက လေယာဉ်ကွင်းသို့ဦးတည်မောင်းနှင်နေခြင်းမဟုတ်ဘဲ လေယာဉ်ကွင်းသွားသည့်လမ်း၏ဆန့်ကျင်ဘက်နောက်ဘက်တိုက်တန်းသွားသည့်လမ်းသို့ချိုးကွေ့ကာမောင်းနှင်နေခြင်းဖြစ်သည်။
မြို့လမ်းအတိုင်း တိုက်တန်းအိမ်ယာဈေးဆိုင်များကိုဖျက်ကျော်မောင်းနှင်နေရာမှ Sweet ဗွိုင့် မီးပွင့်အရောက်နိုင်ထက်စီးကားလေး ဘယ်ဘက်သို့ချိုးကွေ့ကာမောင်းနှင်သွားပေမယ့် သူကတော့မီးနီမိတာကြောင့်ရပ်၍ပင်ကျန်ခဲ့ရကာဆက်မလိုက်နိုင်ခဲ့။ပြောရမည်ဆို နိုင်ထက်စီး ဆိုတဲ့ကောင် မီးဝါကိုဖျက်မောင်းသွားတာကြောင့်သူအလျှင်မမှီလိုက်တာဖြစ်သည်။သူစိတ်နဲ့ဆိုဒီမီးနီကိုဖြတ်မောင်းပြီးပြီ။သို့သော်စိတ်လိုက်မာန်ပါဖြတ်မောင်းပစ်လိုက်လို့မရ။မီးနီဖြတ်မောင်းလိုက်လို့ပြဿနာနောက်မှရှင်းရရင်အကြောင်းမဟုတ်။တော်ကြာချက်ချင်းရုံးလိုက်ကာရှင်းရရင် နိုင်ထက်စီး လေယာဉ်ကွင်းသွားကြိုမည့်တစ်ယောက်ကဘယ်သူမှန်းသိလိုက်ရမည်မဟုတ်ပေ။နောက်ပြီး သူ၏ကြွေအဆင်းဖြစ်နေလျှင်လည်းမျက်နှာတောင်မြင်ခွင့်ရလိုက်မည်မဟုတ်။ဒါကြောင့်လိုက်ချင်စိတ်ကိုအနည်းချိုးနှိမ်ကာမီးစိမ်းသည့်အထိသည်းခံစောင့်ဆိုင်းပြီးမှနိုင်ထက်စီးချိုးကွေ့သွားသော ဘယ်လမ်းအတိုင်းချိုးကွေ့လာခဲ့သည်။သို့သော် ကားကိုချို့ကွေ့လာကာ အရှိန်အမြန်နှုန်းနဲ့မောင်းနှင်လာခဲ့သော်လည်း ဘယ်လမ်းကြားကွေ့သွားသည့်မှန်းမသိတဲ့နိုင်ထက်စီးကြောင့်ကားနောက်မှီးလေးတောင်မတွေ့ရတော့။မင်းသခင်လည်းမျက်ချေပြတ်သွားတာကြောင့်မချင့်မရဲဖြစ်ကာ တောက်ခက်လိုက်ပြီး မောင်းနှင်လာသည့်လမ်းတစ်လျှောက် တွေ့နိုးတွေ့နိုးရှာကြည့်နေလိုက်သည်။
