1

3K 37 6
                                    


💢မာနမျဉ်းပြိုင်​💢

[အခန်း ၁]

"" ​ဖျောက်​...​ဖျောက်​...​ဖျောက်​..""

လေပင့်​ရာအတိုင်းမိုးစက်​​လေးများက​ပြတင်း​​ပေါက်မှန်​ကိုတစ်​​ဖျောက်​​ဖျောက်​ရိုက်​​ခတ်​​နေကြ၏...။မိုးကုန်​ရာသီဖြစ်​တဲ့အ​လျှောက်​ မိုးစက်​များတစ်​ဖွဲဖွဲတစ်​ဖွဲဖွဲနှင့်​မဆဲ​အောင်ပင်​​ကမ္ဘာ​မြေပြင်​​ပေါ်သို့နှုတ်​ဆက်​မိုးအလား ရွာသွန်​​နေသည်​ထင်​၏..။

ရာသီဥတုအလိုက်​ချမ်းစိမ့်​စိမ့်​နဲ့မို့ အ​နွေးထည်​ပါး​လေး​ဖြစ်​​သော ​ဆွယ်​တာအင်္ကျီလက်​ရှည်​အပါး​လေးကို အတွင်း shirt အင်္ကျီအဖြူ​လေး​ပေါ်ထပ်​ကာဝတ်​ဆင်​ထားရသည်​။နက်​ပြာ​ရောင်​ဆွယ်​တာအင်္ကျီနှင့်​နံသာ​ရောင်​​ဘောင်းဘီရှည်​ကိုသန့်​သန့်​ပြန့်​ပြန့်​ဝတ်​ဆင်​ထားကာ​ဘောင်းဘီအိတ်​ထဲလက်​တစ်​ဖက်​ထည့်​၍နှုတ်​ခမ်းတွင်​လည်းစီးကရက်​တစ်​လိပ်​ကိုခဲလျှက်​ပင်​စတိုင်​မိမိနှင့်​မိုးမင်းကြီး၏အငြိုး​ကြောင့်​ရွာသွန်းလာ​သောမိုးစက်​များမှန်​ပြင်​​ပေါ်သို့လာ​ရောက်​ထိမှန်​ခြင်းကို မျက်​​တောင်​မခတ်​တမ်းရပ်​​ငေးကြည့်​​နေ၏...။

အသား​​ရေဖြူသူမို့ နက်​ပြာ​ရောင်​အင်္ကျီ​လေးမှာ ထိုသူကိုယ်​​​ပေါ်တွင်​ထင်း​၍​ပင်​​နေ​လေသည်​။ထိုသူ​မျက်နှာမှာလည်း လွမ်းဆွတ်​တမ်းတခြင်း​တွေရိုက်​ခတ်​ခံထားရသည့်​နှယ်​ နွမ်းလျှတည်​ငြိမ်​​နေသည်​...။

""ကျွီး....""

ဆေးလိပ်​မီးကိုပြာခွက်​ထဲဖိကာငြိမ်းသတ်​လိုက်​ပြီး အံဆွဲ​လေးကိုဆွဲဖွင့်​လိုက်​သည်​။ပြီးမှ အံဆွဲထဲမှာ ​သေသပ်​သပ်​ရပ်​စွာအသစ်​အတိုင်းမ​ဟောင်းမနွမ်းရှိ​နေ​သော​လေး​ထောင့်သဏ္ဍာန်​​ခရမ်း​ရောင်​လက်​​ဆောင်​ထုတ်​​လေး​ကိုထုတ်​ယူလာလိုက်​၏...။လက်​​ဆောင်​ထုတ်​​လေးကို​သေချာစူးစိုက်​ကြည့်​ရင်းပြန်​ကြား​ယောင်​လာတဲ့ စကားသံ​သေး​သေးမျှင်မျှင်ေ​လး​တစ်​ချို့....။

""ဒါဆို ဒီဟာ​လေး​နေ​နေအတွက်​ယူသွား​ပေးပါ​နော်​အန်​တီ...""

မာနမျဉ်းပြိုင် or သခင့်မူပိုင် Donde viven las historias. Descúbrelo ahora