4

644 18 0
                                    


💢မာနမျဉ်းပြိုင်​💢

[အခန်း ၄]

"" ကိုကို...!...""

မင်းသခင်​ ​လေတစ်​ချွန်​ချွန်​နှင့်​ ကား​သော့​လေးယမ်းကာ စံအိမ်​ထဲဝင်​လာသည်​ဆိုသည်​နှင့်​ပဲ ဘယ်​တုန်းက​ရောက်​​နေမှန်းမသိတဲ့ ပန်းချီ​မေက ကိုကိုဟု​ခေါ်ကာသူ့နားအ​ပြေးအလွှား​ရောက်​လာ၏....။သို့​သော်​​​မင်းသခင်​ ပန်းချီ​မေကိုတစ်​ချက်​သာလှမ်းကြည့်​ပြီယ မသိသလိုဟန်​​ဆောင်​၍ဆက်​​လျှောက်​လာခဲ့သည်​။ပန်းချီ​မေက​တော့ သူမအားမသိသလိုမမြင်​သလို ဥပက္ခာပြုထွက်​သွား​သော ကိုကို​ကျောပြင်​ကိုကြည့်​ကာနှုတ်​ခမ်းတစ်​ချက်​ကိုက်​လိုက်​ပြီးအလိုမကျသဖွယ်​​ခြေ​လေး​ဆောင့်​မိ၏...။

""ကိုကို...!...""

""....................""

ကြွေရုပ်လည်းပန်းချီေ​မအရင်ဦးဆုံး​ပြေးထွက်သွား​သည့်နှင့်​​ဧည့်ခန်းထဲမှထွက်လာကာေ​​​​နာက်မှအသာလိုက်လာခဲ့သည်။ကြွေရုပ်​အပြင်​​ရောက်​လာ​တော့ ​သား၏ထူးဆန်း​သောအမူအရာကို​တွေ့လိုက်​ရသည်​။တခြား​တော့မဟုတ်​​​​​​ဘာ​တွေ​ပျော်​စရာများ​တွေ့ခဲ့သည်​မသိသားကြီးမင်းသခင်​​မျက်​နှာကသကာရည်​​လောင်းထားသည့်​အတိုင်းချိုလို့....။ထို့ပြင်​မပြုံးစဖူးပြုံးကာ​လေလည်းချွန်​လိုက်​​သေးသည်​မို့​သေချာသည်​သူမ၏သား​ပျော်​စရာတစ်​ခုခုဖြစ်​ခဲ့သည်​ဆိုတာ။ဒါ​ကြောင့်​​ကြွေရုပ်​လည်းသားကိုပြုံးကြည့်​ပြီး.....

""ပြန်​လာပြီလားသား....""

""ဟုတ်​ကဲ့​မာမီ...ဒါနဲ့ဒယ်​ဒီ​ရောပြန်​မလာ​သေးဘူးလား...""

""ပြန်လာပြီသားရဲ့ အ​​ပေါ်မှာသား​နေနဲ့စကား​ပြော​နေတယ်​...""

""​အော်​...​နေလည်းအိမ်​မှာရှိ​နေတာလား...""

""ဟုတ်​တယ်​သား...​မေ​မေတို့လည်းခုန​လေးမှခန်းမက​ပြန်​​ရောက်​တာ...သမီးပန်းချီ​တောင်​ပါ​သေးတယ်​ ခုလည်းမပြန်​​သေးဘဲသားကို​စောင့်​​တွေ့အုန်းမယ်​ဆိုပြီး​မေ​မေနဲ့အ​ဖော်​​နေ​နေ​ပေး​နေတာ....""

မာနမျဉ်းပြိုင် or သခင့်မူပိုင် Hikayelerin yaşadığı yer. Şimdi keşfedin