3

725 19 0
                                    


💢မာနမျဉ်းပြိုင်​💢

[အခန်း ၃]

""​ဟျောင့်​...မင်းထင်​ ငါ​​ပြောထားတဲ့မိန်းက​လေးက​ရော...""

ဖုန်းကိုနားမှာကပ်​လျှက်​ ကလပ်​ထဲ​ပြေးဝင်​လာပြီး ဘားတန်းမှာအုပ်စုဖွဲ့​ထိုင်​​နေသည့်​ထဲမှမင်းထင်​ဆိုသည့်​သူအားနိုင်​ထက်​စီးအ​လောတကြီး​မေးလိုက်​ခြင်းဖြစ်​သည်​။

"" ​ရောက်​ပြီ အထဲမှာအ၀တ်​စားလှဲ​နေတုန်း ​နောက်​မိနစ်​ ၂၀ဆိုထွက်​လာလိမ့်​မယ်​...စီး...""

""ကျွတ်​...​ဒါဆိုခဏ ငါဖုန်း​​ပြော​ပြီးလာခဲ့မယ်​...""

စီး ​နောက်​မိနစ်​၂၀ဆိုတာ​ကြောင့်​မျက်​မှောင်​ကြုတ်​ စုပ်​တစ်​ချက်​သပ်​လိုက်​ကာ ​ဖေ​ဖေလက်​​ထောက်​နှင့်​ဖုန်း​ပြောဖို့လူရှင်းနားရှင်းသည့်​ပြတင်း​ပေါက်​နားသို့မင်းထင်​ကို​ပြောပြီးထွက်​လာခဲ့၏....။

""တူး....တူး....တူး....""

""လူကြီးမင်း​ခေါ်ဆို​သော တယ်​လီဖုန်း မှာလိုင်းမအား......""

""ကျွတ်​....""

""တူး.....တူး....တူး....""

""လူကြီးမင်း​ခေါ်ဆို​သော.....""

""​တောက်​...ဘယ်​မိန်းမနဲ့ဖုန်း​ပြောပြီးကြူ​နေလဲမသိဘူး....အ​ရေးအ​ကြောင်းဆို​ခေါ်လို့ကိုမရဘူး....""

နှစ်​ကြိမ်​​ခေါ်ဆို​သော်​လည်း လိုင်းမအား​ကြောင်းသာမိ​နေ​သော​ကြောင့်​တက်​ခပ်​ကာ စီး​ဖေ​ဖေလက်​​ထောက်​အားအပြစ်​ဆိုမိသည်​။ထို့ပြင်​မမကိုတစ်​​ယောက်​တည်းလမ်းမှာချတာချထားခဲ့ရတာစိတ်​ကမချ။ဒီ​နေရာ၊ဒီပတ်​၀န်းကျင်​ကသန့်​သည့်​​နေရာမဟုတ်​။ကလပ်​၀န်းကျင်​ဆိုသည့်​အတိုင်း အမူးသမား၊နှာဘူး၊မိန်းမပျက်​(ပြည့်​တန်​ဆာ)​တွေ​ကျက်​စား​ပျော်​မြူးတဲ့​နေရာ။ဒါ​တောင်​​နေ့လယ်​၂နာရီမို့လူသိပ်​မစည်​​သေး။ည၇နာရီ၈နာရီ​လောက်​ဆိုအုံးအုံးကြွတ်​ကြွတ်​ပင်​စည်​ကားလှ၏....။နောက်​ပြီးခုချိန်​ထိမမလမ်း​ပေါ်မှာရပ်​​စောင့်​​နေအုန်းမည်​မှာအမှန်​။ဘာ​ကြောင့်​ဆို ​ဖေ​ဖေလက်​​ထောက်​က ဘယ်​သွားပြီး​မှောက်​​နေ၊ဖွန်​​ကြောင်​​နေမည်​မသိ။ဖုန်း​ခေါ်တာ​​တောင်​မရသည့်​ကိစ္စမို့ စီး နာရီကိုတစ်​ချက်​ငုံကြည့်​ရင်း ဖုန်းကို​ဘောင်းဘီအိတ်​ထဲထည့်​ကာ မင်းထင်​ရှိရာသို့​လျှောက်​လာခဲ့​တော့သည်​။

မာနမျဉ်းပြိုင် or သခင့်မူပိုင် Donde viven las historias. Descúbrelo ahora