(Part.9)

7.7K 1.3K 221
                                    


အပိုင်း(9)

.....


မြင်နေရသော အသားဖြူဖြူအစိုင်အခဲတို့သည် ခဏတွင်းပင် ပုပ်အဲ့၍ ကိုက်ရာတွေတစ်ဝိုက် ကြွေကျမတတ်ဖြစ်လာသည်..။

သတိကားရနေသော်လည်း.. အသားစားပင်လယ်လိပ်တို့ရဲ့သွားတို့်သည် အဆိပ်ရှိသဖြင့်
ဒဏ်ရာအရှိန်ကား အလွန်ပြင်း၍ ကြွေလုနီးနီး အသားဆိုင်တို့ကွဲအက်နေခဲ့ပြီ..။

ကလေးငယ်လေးသည် .. အသားပြတ်၍နာလွန်းသောဒဏ်ကို အရွယ်လေးနဲ့မှမလိုက်စွာ ကြိုးစား၍ကြိတ်မှိတ်နေသည်..။

လက်လေးတစ်စုံကတော့ ဒီရေနွမ်အရှင်ရဲ့ဝတ်ရုံစရှည်ကို မှီတွယ်ရာလို့ ဆုပ်ကိုင်၍ထားသည်မှာ ဝတ်စရှည်ပင်ပြတ်မထွက်သည့်တိုင် ကြွေမွလုနေပြီ..။

ဒီရေနွမ် အရှင်သည် သက်ပြင်းတစ်ချက်ချရင်း လင်းပိုင်ငား လေးကို စကားဆိုသည်..။

" ရေနန်းဆောင်ထဲခေါ်သွားလိုက်.. ''

အသားကိုပြန်ပြည့်စေမယ့်
နတ်ဆေးတွေသည် သူမှလွဲအခြားသူထိခွင့်မရှိသည်မလို့ ကိုယ်တိုင်သွားယူမှသာ ဖြစ်မည်..။

"ခေါ်ထား ''

သို့သော် လူသားလေးသည် အရှင်၏အဝတ်စကို လွှတ်မပေး...

" ဆေးသွားယူမှရမယ်လေနော် ကျနော်နဲ့နေခဲ့ပါ''

လင်းပိုင်လေးသည်လည်း ဝင်၍ဖြောင်းဖြသည့်တိုင် ခေါင်းမာစွာသာငြင်းနေသည်..။
စိတ်တိုသည်မဟုတ်သော်လည်း အနည်းငယ် စိတ်ညစ်သွားတာကြောင့်
အရှင်မျက်မှောင်ကြုတ်တော့မှ

မျက်လုံးလေးလှန်ကြည့်ကာ မလွှတ်ချင်လွှတ်ကာပေးသည်..။

" ပြန်လာခဲ့နော် ''

"အင်း လင်း ရေနန်းဆောင်ထဲ ခေါ်သွား ပေးနှင့် ''

ထွက်သွားသည့်ကျောပြင်နောက် လူသားလေးသည် ခေါင်းလေးစောင်းရင်း လိုက်ကြည့်နေသည်..။

ပျောက်သွားမှာစိုးသည့်အလား..

မီးခိုးရောင်လင်းပိုင်ငါးလေးသည်လည်း အရှင့်အမိန့်အားနာခံစွာ ကျောပေါ်တင်ကာ

The Devil's Aquarium(နတ်ဆိုးအရှင်၏အဏ္ဏဝါ)Wo Geschichten leben. Entdecke jetzt