(Part.14)

6.4K 1.2K 162
                                    

Zawgyi

ငါ့နေရာ ဘယ်မှာလဲ
ငါ ဘယ်ကိုသွားရမှာလဲ
ဒီမေးခွန်းတွေမေးခဲ့ဖူးတယ်

အိမ်နဲ့တူတဲ့ နေရာတစ်ခုကနေ
ထွက်လာခဲ့ရင်း
လေးထောင့်ဆန်ဆန် စင်္ကြာဝဋ္ဌာကြီးထဲ

ငါ လမ်းပျောက်နေခဲ့ဖူးတယ်

မင်း ရဲ့ ကြိုဆိုပါတယ်ဆိုတဲ့
အပြုံး တစ်စကို
မြင်ဖို့ ကံမထိုက်ခင် တုန်းကပေါ့...

...

Part(14)

....

ပင်လယ်ပြင်၏ တစ်ဖက်သောအရပ်မှ ခရီးဆိုက်လာသည့် သူရိယနေမင်းသည်
ကမ်းစပ်ထိပ်ဖျားမှ တောင်ကုန်းမို့မို့ပေါ်ရှိ အိမ်ဖြူလေးကို ပုတ်နှိုးလိုက်လေသည်

ခြံဝန်းကျယ်ကျယ် ချစ်စရာအိမ်ဖြူလေးတွင်တော့ အမွှာညီအစ်ကိုနှစ်ယောက် အစ်မတစ်ယောက် ဤမောင်နှမသုံးဦး၏ ဖခင်ဖြစ်သူ နှင့် အဘွားဖြစ်သူ ဟူ၍ နေထိုင်သူ မိသားစုဝင် စုစုပေါင်းငါးဦးတိတိရှိလေသည်...။

နေပင်ကောင်ကောင်းမပွင့်သေး
အိမ်၏မီးဖိုဆောင်တွင် လူးလားခတ်ကာ လှုပ်ရှားနေသည့်.

အရပ်ရှည်ရှည် လေးထောင်းပုံစံခပ်ပါးပါးရှိသောနှုတ်ခမ်း မကျဉ်းမကျယ်မျက်ဝန်း ချောမော၍ကြည့်ကောင်းသော ထိုကောင်လေးကား အမွှာညီအစ်ကို နှစ်ဦးထဲမှအငယ်ဖြစ်သူ
ဖန်ဝါယော ပင်ဖြစ်သည်..။

အိမ်၏စားတော်ကဲရာထူးကို ဘယ်သူမှမပေးပေမယ့် သူ့ဟာသူတတ်ယူထားသည့်အငယ်ဆုံးဖြစ်သူဖန်ဝါယော သည် ဘုရားပန်းများပင်မချန်လစ်ရင်လစ်သလို ထည့်ချက်တတ်သည့် အချက်အပြုတ်မှာ ပါရမီရှိလွန်း သူပင်ဖြစ်သည်..။

သူချက်သည့်ဟင်းများသည် စားလို့မရအောင် ဆန်းပြားတတ်သည်လည်းရှိသလို
တစ်ခါတစ်ခါသူမတူအောင် အရသာကောင်းလွန်းသည်...။

ထို့ကြောင့် ဖန်ဝါယော ချက်သင့်ဟင်းမစားခင် ဘုရားရှိခိုးရန်လိုပေသည်..၊

ဖန်ဝါယော နှင့်ပတ်သတ်၍ သတိထားရမည့်အချက်တစ်ချက်မှာ သူမစားနဲ့ဦးပြောလျှင် အနံ့တောင်ရှုဖို့မကြိုးစားပါနှင့်..

The Devil's Aquarium(နတ်ဆိုးအရှင်၏အဏ္ဏဝါ)Dove le storie prendono vita. Scoprilo ora