Part.13
"ဒါဆို ငါကလူဖြစ်နေတာလား...''
"ဟုတ်ပါတယ်..အရှင်''
သူ သိပ်မုန်းတဲ့လူသား ဘဝကိုမှ
အနည်းဆုံး လိပ်အဖြစ်ပြောင်းရင်တောင် ထိုကြမ္မာနတ်သမီးးအား သူကျေးဇူးပြေးဆပ်လိုက်ဦးမည်..။"ငါကလူပေါ့..''
"ဟုတ်တယ်..''
"လူ ''
"ဟုတ်ပါတယ်..''
ရေအောက်ထဲကအတိုင်းလို လင်းပိုင်ကတော့ မပြောင်းမလဲ သူ့အား ကျိုးနွံစွာ လေးစားကြည်ညိုမြဲ
အနည်းဆုံးတော့
လင်းပိုင်ပါလာလို့
" အရင်ဆုံး အဝတ်ဝတ်ရပါမယ် ''
ဘယ်က ယူလာမှန်းမသိတဲ့အဝတ်ရှည်တွေ
မြှောက်ပြတယ်...ကြိုးစားပမ်းစား ရှာဖွေလာရဟန်တူသော အဝတ်နှစ်ထည်ကိုကြည့်ရင်း သက်ပြင်းချကာဆိုမိသည်..။
"ကျေးဇူးပဲ လင်း ''
အခွင်ခွင်ယိုင်သော ခြေလှမ်းရှည်ရှည်တို့ကိုထောက်ဖို့သူကြိုးစားသောအခါ
ခွေကာယိုင်လဲမသွားပေမယ့် လသားကလေးငယ်တွေလိုနူးညံ့သော ခြေထောက်အသားကြောင့်သဲမှုန်လေးတွေက ပင်ကြမ်းနေကာ အရှရှ ..အရာရာငြိလို့..ဟူး..!!
"အိုး သူက လူလား''
ကမ်းခြေမှာ ရောင်းဝယ်လှုပ်ရှားနေတဲ့လူအုပ်ကြီဟာ ခပ်လှမ်းလှမ်းက အနိုင်နိုင် လမ်းလျှောက်လာကြတဲ့ လူနှစ်ယောက်ကို တွေ့တဲ့အခါ အံ့သြမှင်သက်သွားကြလေသည်..။
အပြာရောင်ဆံနွယ်ရှည်တွေဟာ ကျောပြင်ပေါ်မှာ ဖြာကျရင်း ဖြူဖန့်ဖန့်အသားအရည်က နေခြည်အောက်မှာ အဆင်းလဲ့နေတယ်..
စိမ်းနက်နေတဲ့ မျက်ဝန်းတွေက ငြိမ်သက်လို့
ရှည်လျားတဲ့ကိုယ်ဟန်က ဝံ့ဝံ့ကြွားကြွား...
အရောင်တောင်မပေါ်တဲ့ အဝတ်စုတ်တွေ ဝတ်ထားပေမယ့် ဒီလူရဲ့ ထူးခြားလွန်းတဲ့အရှိန်အဝါကို နည်းနည်းလေးတောင် မသက်ရောက်စေနိုင်ခဲ့ဘူး....။ပင်လယ်ပြင်က တတ်လာတဲ့ ရေနတ်ဘုရားအသွင် ကျော့ရှင်း ခန့်ညားလွန်းလှတယ်..။
ဒီလိုလူမျိုးက သူတို့ဘယ်တော့မှတွေ့ဖူးမှာမဟုတ်သလို ထပ်တွေ့နိုင်မှာ မဟုတ်တာ
ကျိန်းသေတဲ့ နိယာမလှလှတစ်ခုပါပဲ
YOU ARE READING
The Devil's Aquarium(နတ်ဆိုးအရှင်၏အဏ္ဏဝါ)
FantasyMy Third Story💜 (Own creation) Title:: T.D.A (နတ်ဆိုးအရှင်၏အဏ္ဏဝါ ) Total chapters:: Ongoing. Genere:: Merman , Gods and Devils Fantasy Romance. ,Comedy, BL(Warning) Cover Artist::May Thitsar