(Part.15)

7.8K 1.4K 215
                                    

.Zawgyi.



Part.15
....

.မတိမ်းမယိမ်းအရပ်ရှိသည်မှ လွဲ၍ ပိန်လျသောကိုယ်နှင့် ကောင်လေးသည် အဘယ်အားတွေထွက်လာ၍ သူ့ကိုယ်ကို ပွေ့ထားနိုင်ခဲ့သည်မသိပါလေ..။

"ကျနော့် နာမည်က အေဒံယော
ကြိုဆိုပါတယ် ဦး ''

ထို ကောင်လေးရဲ့စကားကိုအာရုံစိုက်နားထောင်မိသည်..။

ဦး..
ဒီနာမ်စားသုံးတတ်သူ ကို သူရင်းရင်းနှီးနှီးကို ကြားဖူးနားဝရှိနေခဲ့သည်..။

မဟုတ်မှ..

ကောင်လေးသည် မျက်ဝန်းတွေထဲထိ စိုက်ကြည့်ရင်း ဆိုလာခဲ့သည်..။

"ဦး ကျနော့်ကို နှုတ်ဆတ်ဖို့နည်းမေ့သွားပြီလား ''

နှုတ်ဆတ်နည်း..

ပါးဖောင်းဖောင်းကြီးတွေအား ဆူကာ ချွဲတတ်လွန်းသည့်

ဒီကလေးက ဟိုဝက်လူသား လေး...
ငါးနှစ်အတွင်း ဒီလောက်တောင် ပြောင်းလဲသွားခဲ့တာလား..

အရမ်းပြောင်းလဲသွားသည်တော့မဟုတ်..
ပိန်ကျသွားပြီးရှည်လာတဲ့ကိုယ်ကလွဲလျှင် မျက်ဝန်းနက်နက်ကြီးတွေကအရင်တိုင်း..

ရယ်လိုက်တိုင်းပေါ်လာသည့်ပါးခွက်လေးတွေကတော့ အရင်က ဝလွန်းလို့ မမြင်ရတာဖြစ်လိမ့်မည်..။

အံ့သြသွားသော်လည်း ဒီရေနွမ်အရှင်ရဲ့တည်ကြည်သောမျက်နှာထားသည် အထွေအထူးပြောင်းလဲသွားခြင်းတော့ မရှိခဲ့ပါလေ...

" မှတ်မိပြီဆို နှုတ်ဆတ်တော့လေ ညဏ်မကောင်းတော့တာလား??''

မချိုမချဉ်မျက်နှာပေးနဲ့ လေသံကြောင့် ဒီရေနွမ်အရှင် မျက်ခုံးတန်းတန်းနက်တွေ ကွေးသွားသည်..။

ဒီလူသားလေးက အချိုးမပြောင်းသေးဘူးပဲ..

" ဟမ်း.You are only one for me ''

ကောင်လေးက မျက်ဝန်းနက်နက်လေးတွေ လခြမ်းသဖွယ် မှေးမှိတ်သွားတဲ့အထိ ချစ်စဖွယ်ကောင်းစွာ ပြုံးပြလေသည်..။

"အရမ်းတော်တာပဲ ဦးက ''

ဒီရေနွမ်အရှင် မသိမသာပုခုံးမတ်လိုက်သည်.။

The Devil's Aquarium(နတ်ဆိုးအရှင်၏အဏ္ဏဝါ)Donde viven las historias. Descúbrelo ahora