Part 15

6.9K 272 9
                                    


ကိုကို့ရဲ့Baby

Part 15


မနက်​ခင်း​နေ​ရောင်​ခြည်​ကျရောက်​လာတာနဲ့အမျှ ​လောကကြီးကလဲသက်​၀င်​လှုပ်​ရှားလာကြ၏။ မနက်​ခင်းအချိန်​မှာ ချစ်​ရသူနဲ့အတူတူရှိ​နေရတာလဲ ​ပျော်​ရွင်​ဖို့​ကောင်း​နေပြန်​သည်​။

''အင်း.....´´

ရှိုင်းခန့်​နိုးလာ​တော့ သူကိုဖက်​ထားတဲ့လက်​တစ်​စုံ​ကြောင့်​ပြုံးမိသည်​။ ဒါ....သူစိတ်​ကူးယဉ်​ထားတဲ့ အိမ်​​ထောင်​မှု့ထဲကတစ်​ခု​ပေါ့။

ရှိုင်းခန့်​သူ့အားဖက်​ကာနှစ်​ခြိုက်​စွာအိပ်​​နေသည့်​ရှင်း​ကြောင့်​အိပ်​ယာမှမထ​သေးဘဲ အိပ်​​ပျော်​​နေတဲ့​ရှင်းကို​သေချာကြည့်​​နေမိသည်​။

မျက်​​တောင်​​ကော့​ကော့​လေး​တွေကထူထဲစွာဖြင့်​ အရမ်းချစ်​ဖို့​ကောင်းသည်​။ ပါးမို့မို့​လေးများသည်​ ဖိအိပ်​ခံထားရသည့်​အတွက်​အပြင့သို့မို့ထွက်​​နေ၏။ ဒီလိုမျိုးချစ်​ဖို့​ကောင်းတဲ့မိန်းက​လေးမျိုးကိုရှာ​ပေးထားလို့ ဖိုးဖိုးကိုလဲ​ကျေးဇူးတင်​ပါသည်​။

ထို့​နောက်​ရှိုင်းခန့်​မ​နေနိုင်​စွာ ရှင်းရဲ့မျက်​နှာတစ်​ခုချင်းဆီကိုလက်​နဲ့လက်​ထိကြည့်​​နေလိုက်​သည်​။နှာဖူးမှ မျက်​ခုံး မျက်​ခွံ မှ တစ်​ဆင့်​နှာတံ ထို့​နောက်​​ ညက သူ့လက်​ချက်​ဖြင့်​ ​ပေါက်​သွားသည့်​နှုတ်​ခမ်း​လေးမှာ​​ယောင်​​နေ​သော​ကြောင့်​ လက်​နဲ့ဖွဖွ​လေးကိုင်​​ကာ​​ဆေးလိမ်း​ပေးသင့်​​ကြောင်းစဉ်းစား​နေမိတုန်း ရှင်းသည်​ ဘယ်​ချိန်​ကတည်းကနှိုးမှန်းမသိရှိုင်းခန့်​လက်​ဖ၀ါးအားဆွဲကိုက်​လိုက်​ တော့သည်​။

''အ! နာတယ်​ရှင်းရဲ့´´

''​ကောင်းတယ်​ ခံခံ ဒီထက်​ပိုပြီးနာနာ​လေးကိုက်​လိုက်​ရမှာကိုဟွန့်​!´´

''အယ်​ဗျာ..... မ​ကျေနပ်​​သေးရင်​ ​ရော့ ဆက်​ကိုက်​နိုင်​ပါတယ်​ဗျာ´´

ရှိုင်းခန့်​ ထိုသို့​ပြောရင်းနှင့်​ပင်​ သူ့လက်​​မောင်းအားထိုး​ပေးလိုက်​ရာ ရှင်းကလဲ ပယ်​ပယ်​နှယ်​နှယ်​ကိုကိုက်​​တော့သည်​။

ကိုကို့ရဲ့Baby Where stories live. Discover now