Part 5

6.7K 301 0
                                    

ကိုကို့ရဲ့Baby

Part 5

''အား..... ဗိုက်​ကိုတင်းသွားတာပဲ သင်းသင်းလက်​ရာက​တော့အခုထိကို​ကောင်းတုန်းပဲ´´

''ဟုတ်​တယ်​​နော်​ ဖိုးဖိုး အန်​တိသင်းကဟင်းချက်​​တော်​တယ်​´´

ဖိုးဖိုး နဲ့ မမ ကသာ အိမ်​​ရောက်​​ရောက်​ချင်း အန်​တီသင်း ဘယ်​လိုဟင်းချက်​​ကောင်း​ကြောင်းချီးမွမ်း​နေကြတာကမပြီးနိုင်​မစီးနိုင်​ ကျွန်​​တော်​လဲဝန်​ခံပါတယ်​ အန်​တီသင်းကတကယ်​လက်​ရာ​ကောင်းတာပါ

''ညီမ​လေးကလဲချစ်​စရာ​လေး​နော်​ဖိုးဖိုး ဘာမှမပြင်​မဆင်​ထားတာ​တောင်​ချစ်​စရာ​လေး ​မောင်​​လေးနင်​​ရောဘယ်​လိုမြင်​လဲ´´

မမက တစ်​​ယောက်​ထဲ​ပြော​နေရတာအားမရလို့ကျွန်​​တော့်​ပါ မျက်စပစ်ပြီး ​ကောင်​မ​လေးအ​ပေါ်ဘယ်​လိုမြင်​​ကြောင်းစမ်းသပ်​​နေ​သေးသည်​။

''ဘယ်​လိုမှမမြင်​ပါဘူး ´´

ဟန်​ရှိုင်းခန့်​ အမြင်​ကိုအမြင်​အတိုင်း​ဖြေမိ​တော့ ဖိုးဖိုးက အားမရဟန်​နှင့်​​မေးလာ၏။

''​မြေး​လေး မင်း​သေချာအကဲမခတ်​ခဲ့ဘူးလား´´

''ခတ်​ခဲ့တယ်​​လေ သူ့ပုံစံက ပြန်​မ​ပြောနားမ​ထောင်​ပုံစံ​လေး ´´

ဒါကျွန်​​တော်​အမြင်​ကိုအမြင်​တိုင်း​ပြောလိုက်​တာပါ တကယ်​လဲပြန်​မ​ပြောနားမ​ထောင်​ပုံစံ​လေးပဲ​လေ မဟုတ်​လို့လား....

''အဲ့ဆို အဖိုး​ပြောထားတဲ့ကိစ္စကိုဘယ်​လိုသ​ဘောရလဲ´´

''အ​ဖြေက​တော့အရင်​အတိုင်းပဲ ဘာမှ​ပြောင်းလဲမသွားဘူး ´´

''အဲ့ဒါဆို ထိုင်းမှာ​ဆောက်​မဲ့ပ​ရော့ဂျက်​ကို ငါဖျတ်​သိမ်းလိုက်​ရလိမ့်​မယ်​.ဟန်​ရှိုင်းခန့်​´´

''ကျွန်​​တော်​ကလဲ အဲ့ပ​ရော့ဂျက်​ကိုမရရ​အောင်​လုပ်​ပြမယ်​´´

ဘာလို့ ဖိုးဖိုးက ဒီ​ကောင်​မ​လေးနဲ့ဒီ​လောက့​တောင်​သ​ဘောတူပြီး လက်​ထပ်​​ပေးချင်​​နေတာလဲဆိုတာတကယ်​ကိုသူမစဉ်းစားတက်​ ဖိုးဖိုး​ပေးတဲ့အ​ကြောင်းပြချက်​လဲမပြည့်​စုံ.... ဒါမှမဟုတ်​ ဟိုက​လေးမ​လေးကများသူ့ကို သ​ဘောကျပြီး ဖိုးဖိုးကိုကပ်​ပြီး​ပြောထားတာများလား....

ကိုကို့ရဲ့Baby Tahanan ng mga kuwento. Tumuklas ngayon