Part 19

6.7K 252 2
                                    


ကိုကို့ရဲ့Baby

Part 19

''သား သွားနားလိုက်​ဦး​လေ သမီး​လေးလဲသက်​သာ​နေပြီပဲ´´

ရှင်း​မေ​မေ​ပြောတာကို ရှိုင်းခန့်​ လုံးဝနားမ​ထောင်​ရှင်းအနားပဲကပ်​​နေသည်​။

''ရတယ်​အ​မေ သားရှင်းသတိရလာမှပဲနား​တော့မယ်​´´

''ဒီလိုနဲ့သားကျန်းမာ​ရေးထိခိုက်​လာမယ်​​နော်​´´

''ရပါတယ်​သားဘာမှမဖြစ်​ပါဘူး´´

ရှင်း​မေ​မေလဲ​ပြောမရတဲ့အဆုံးလွတ်​သာထားလိုက်​​တော့သည်​။

'​'ရေ ​ရေ​သောက်​ချင်​တယ်​´´

ရှင်း​နေ့တစ်​ပိုင်း​လောက်​ထိအိပ်​​ပျော်​ပြီးကာမှသတိရလာခဲ့သည်​။

''ရှင်း! ရှင်းသတိရလာပြိလား´´

ရှိုင်းခန့်​ ၀မ်းသာအားရနဲ့​ပြောလိုက်​​ပေမဲ့ရှင်းသည်​ ​ရေဆာ​ကြောင်းကိုသာ​ပြောလာသည်​။

'​'ရေ​သောက်​ချင်​တယ်​´´

''အာ... ​ရေလား ​ရေကမ​သောက်​ရ​သေးဘူးတဲ့ကိုယ်​​ရေငတ်​​ပြေ​အောင်​​တော့ဂွမ်းကို​ရေတို့ပြိးနှာခမ်းစပ်​မှာသုတ်​​ပေးမယ်​​နော်​´´

ရှင်းဘာမှပြန်​မ​ပြောပဲ​ခေါင်းငြိမ့်​ပြလိုက်​သည်​။
ရှိုင်းလဲရှင်းကို​ရေသငတ်​​ပြေ​အောင်​လုပ်​​ပေးပြီး​တော့မှ ​မေ​မေသည်​ရှင်းအား​မေးလာသည်​။

''သမီး​လေးသက်​သာလား´´

''ဟုတ်​ သက်​သာပါတယ်​​မေ​မေ သမီးဘယ်​လိုဖြစ်သွားတာလဲ´´

''အူအတက်​​ပေါက်​လို့ခွဲထားရတာ​ ​နောက်​ရက်​ကစပြီးသမီးသွားတာလာတာကအစဂရုစိုက်​ရ​တော့မယ်​´´

''သမီးသက်​သာသွားပါပြီ​မေ​မေရဲ့´´

''ဒါ​ပေမဲ့...´´

ရှင်း​မေ​မေကရှင်းကို​ ကိုယ်​၀န်​အ​ကြောင်း​ပြောပြမလို့ရှိ​သေးသည်​ ရှိုင်းခန့်​ကစကားဖြတ်​​ပြောလိုက်​၏။

''အ​မေ ဆရာဝန်​တစ်​ချက်​​လောက်​သွား​ခေါ်​ပေးပါ့လား´´

ရှိုင်းခန့်​ ရှင်းအ​မေကိုမျက်​စိမျက်​ရိပ်​ပြပြီးခန​ရှောင်​ထွက်​ခိုင်းလိုက်​​တော့ ရှင်း​မေ​မေကလဲအလိုက်​တသိနဲ့အပြင်​ကိုထွက်​သွား​ပေးလိုက်​သည်​။

ကိုကို့ရဲ့Baby Where stories live. Discover now