Part 16

6.1K 261 4
                                    


ကိုကို့ရဲ့Baby

Part 16

''ဒီ​နေ့​တော့ရောက်​လာသားပဲ​နော်​´´

နံ့သာgroup၏ဖြန့်​ချီ​ရေးဋ္ဌာနအ၀င်​၀တွင်​ စိမ်းနှင့်​ရှင်းတို့နှစ်​​ယောက်​ဆုံ​လေရာ စိမ်းမှရှင်းအားဆိုလာ၏။

''ဟုတ်​ကဲ့ရှင်းဒီက​နေ့က​နေစပြီးအလုပ်​ဆင်းမှာပါ´´

''ဟုတ်​ပြီ မ​ဝေသူ့ကိုပြည်​ပရုံးကိုပို့တဲ့စာရင်း​တွေ​ပေးပြီးလုပ်​ခိုင်းလိုက်​ပါ ​နောက်​ပြီး ရုံးကဒီလစာရင်း​တွေအကုန်​လချုပ်​လုပ်​ခိုင်းလိုက်​´´

''ဒါ​ပေမဲ့မမစိမ်း....´´

''ငါ​ပြောတာကိုဘာမှအထွန့်​မတက်​နဲ့ ငါခိုင်းသလိုသာလုပ်​´´

မ​ဝေဆိုသူမှာ တစ်​ခုခုအား ကိုယ်​စားလှယ်​စိမ်းကို​ပြောချင်​​ပေမဲ့ ထိုသူမက​တော့အ​ပြောမခံစကားနှင့်​မ​ဝေအား ​ဟောက့လိုက်​သဖြင့်​မ​ဝေမှာဆက်​မ​ပြောရဲ​တော့​ပေ။

''ဟုတ်​ကဲ့ပါ´´

ရှင်းထိုအချင်းအရာအားကြည့်​ကာဘာမှဝင်​မ​ပြောဘဲမ​ဝေနှင့်​အတူအလုပ်​စားပွဲသို့လိုက်​သွားလိုက်​သည်​။

''ဒီမှာညီမရဲ့အလုပ်​စားပွဲ ဒါနဲ့ညီမနာမည်​က´´

''မှုံနံသာရှင်းပါ မ​ဝေ´´

''အင်းအင်း ဒီမှာစာရင်း​တွေ မသိတာရှိရင်​အမ​မေး​နော်​ အမရှင်းပြမယ်​´´

မ​ဝေဆိုသူသည်​ ​အောက်​လက်​ငယ်​သားများအားသူမနှင့်​အတူလက်​တွဲ​ခေါ်တက်​​သောအမျိုးသမီးတစ်​​ယောက်​ဖြစ်​ပုံ​ပေါ်သည်​။ထို့​ကြောင့်​ရှင်းသိချင်​တာကိုပွင့်​ပွင့်​လင်းလင်း​မေးလိုက်​သည်​။

''ဟုတ်​ကဲ့ပါမ​ဝေ ဒါနဲ့မမစိမ်းကအရင်​ကတည်းက၀န်​ထမ်း​တွေအပေါ် ဒီလိုပဲဆက်​ဆံတာလား´´

''ဟုတယ်​ရှင်း​ရေ MDထက်​ရှင်းက​တောင်​သူ့​လောက်​မဆိုးဘူး သူကသာအာဏာ​တွေစွတ်​ပြ​နေတာ​လေ´´

'​'အော်​ ဟုတ်​ကဲ့ ရှင်းမသိတာရှိရင်​​မေးမယ်​​နော်​´´

ရှင်းသိချင်​တာလဲသိရပြီဆို​တော့ မ​ဝေနှင့်​စကားဖြတ်​လိုက်​ကာ ထိုမမစိမ်းခိုင်းသွား​သောအလုပ်​များကိုစတင်​ကာလုပ်​​ဆောင်​​တော့သည်​။

ကိုကို့ရဲ့Baby Opowieści tętniące życiem. Odkryj je teraz