သောကြာနေ့ LBC လွမ်းချင်း
Incidentally Love With Bunny 🐰 & Choux Cream 🍩
Neglected Love ❤🖤
Ep 34
🍩........ အကြောင်းအမျိုးမျိုးကြောင့်ပဲ အဲ့နေ့နောက်ပိုင်းထဲက အကိုနဲ့ကျတော် အဆက်အသွယ်အနည်းငယ်ပြတ်တောက်ခဲ့ကြတယ်...
ကျတော်တို့လို လူသားတွေက ကံကြမ္မာဇာတ်ဆရာရဲ့ ကြိုးဆွဲရာကို က ကြရတဲ့အခါ တစ်ခါတစ်လေ ကိုယ့် အတွက်ကြိုးစားပြီးဇာတ်ခုံပေါ် က နေရင်း တစ်ဖက်လူကိုမသိမသာနာကျင်စေခဲ့မိတယ်...
ကျတော့်အတွက် အမြဲအသင့်ရှိနေပေးခဲ့တဲ့အကိုကလည်း စီးပွါးရေး လူမှု့ရေးအကြောင်းကြောင်းကြောင့် ကျတော့်အတွက် အချိန်လုပေးဖို့မနည်းကြိုးစားနေရတယ်...
ခက်ခက်ခဲခဲပေးတဲ့အချိန်လေးကိုပဲ ကျတော်က အရမယူနိုင်ပြန်ဘူး...
ကျတော့်ဘက်ကဆက်သွယ်ပြန်တော့လည်း မမြင်ရတဲ့အတားအဆီးတွေကပဲ အဖျက်ဝင်နေခဲ့လေသလား....🐰....... ဘယ်လိုအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်နှစ်ယောက်ထဲက တစ်ယောက်နာကျင်ရမယ်ဆိုရင် အဲ့လူကကျတော်ပဲ ဖြစ်ပါရစေ...
ကျတော်ချစ်ခဲ့တဲ့ကလေးက အဖိုးတန်တဲ့သာမာန်ကောင်ငယ်လေး....
ကျတော့်အချစ်တွေနဲ့ထွေးပွေ့ဂရုစိုက် လိုတာဖြည့်ဆည့်ပေးရင်း အရိပ်တကြည့်ကြည့်ချစ်နေရရုံနဲ့ ကျေနပ်လောက်တဲ့ကောင်ကလေး...
အများကြီးပဲကြိုမတွေးမိခဲ့တာလား ကံတရားကိုပဲကြိုမမြင်နိုင်ခဲ့လို့လား ခုချိန်မှာအခြေအနေတွေက ကွဲပြားခြားနားကုန်ပြီ...
ကံကြမ္မာကြီးကအားလုံးကိုချမှတ်ထားပြီးသားပါ...
တစ်ခုခုနဲ့ အဆင်မပြေဖြစ်နေရင် သင့်အတွက် ဖြည့်ဆည်းနှစ်သိမ့်နိုင်ဖို့ အခြား တစ်ခုခုကတော့ပေါ်ကိုလာမှာပဲ...
အခုလည်းအဆင်မပြေမှု့ကြီးကိုအကြာကြီးစိမ်ပြေနပြေခံစားဖို့အခွင့်အရေးမပေးထားပြန်ဘူး...
ဘဝတည်ရှိမှု့အလိုအရ အခြားအရေးကြီးတာတွေအတွက် ရုန်းကန်လှုပ်ရှားရဦးမှာပဲ...
ကျတော်အခု Trat မှာ...
ကိုယ်တိုင်ကြုံနေရတဲ့အခြေအနေကို အဖြေရှာ မထုတ်နိုင်သေးခင် ကျန်တဲ့အရေးကြီးတဲ့အရာတွေအတွက် ကျတော်အာရုံစိုက်ထားရတယ်...
အချစ်ဆိုတာ သူနဲ့ကိုယ် ချစ်နေကြရင် ပြည့်စုံပြီ လုံလောက်ပြီလို့ တွေးထင်ထားတဲ့သူတွေ အချစ်ဟာ ပေးဆပ်ခြင်း ကိုယ်ကချစ်နေဖို့ပဲလိုတယ်ဆိုတဲ့ အတွေးတွေဟာ ကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ကြုံမှ တက်တက်စင်အောင်လွဲနေတတ်တာမျိုးပဲ...
ပေးဆပ်နိုင်ပါတယ် ဒါပေမယ့် သူက ကျတော့်ကိုပဲချစ်တယ်ဆိုတာ သေချာနေသရွေ့ပေါ့...
ကျတော်ပေးဆပ်နိုင်တာ သူ့အတွက် သူတို့အတွက်တော့ ဖြစ်နိုင်လောက်မယ်လို့ ကျတော်ယုံကြည်ချက်မရှိဘူး...
အထင်လွဲစရာလေးတွေကို ပေါက်ကွဲနှုန်းမြင့်အောင် ကံကြမ္မာကြီးက မီးစာထိုးပေးနေလေရဲ့...
ရင်ကိုတည့်တည့်ထိခဲ့တဲ့အမှု့အမှတ်မဲ့ အဖြေစကားလုံးလေးတွေကို အစပြု ပြီး ဝေးကွာဖို့ကံကြမ္မာကဖန်နေလေတော့သလား....
Interview ဖြေပြီးနောက်ပိုင်း တွေးထားခဲ့သလို ဆန့်ကျင်ဖက်လျက် သူနဲ့ကျတော် တွေ့ခွင့်မကြုံခဲ့ပါဘူး...
စကားတွေအများကြီးပြောတတ်တဲ့ကလေးက Line Mess မှာ နှုတ်ဆက်စကားကလွဲရင် နောက်ဆက်တွဲစကားလုံးတွေထွက်မလာခဲ့ဘူး...
အရင်အချိန်တွေက ကျတော့်ဆီက Reply ပြန်မလာမချင်း ပို့တက်ခဲ့တဲ့ Mess တွေက အခုချိန်မှာ မိုးလင်း မိုးချုပ်နှူတ်ဆက်ရုံသာ....
ကျတော့်အမေးကိုပဲ သူစောင့်ပြီးဖြေရှင်းချင်ခဲ့တာလား သူ့ဆီက ဖြေရှင်းချက်ကို အလိုက်တသိကြားချင်လို့ စောင့်နေခဲ့တဲ့ ကျတော်ကပဲ လွဲနေခဲ့တာလားဆိုတာ ကံဇာတ်ဆရာပဲသိနိုင်တော့မယ်....
ဖုန်း Recents ထဲက မရဲတရဲ Miss called ကျဲကျဲလေးတွေက ကျတော့်ကိုပြက်ရယ်ပြုနေသလိုပဲ....
ချစ်ခြင်းတွေဟာ ဘာမှမဟုတ်ခဲ့လေသလားလို့ Cupid ကို မေးခွင့်ရချင်မိတယ်....
Tt / Ig မှာပို့စ်တွေမတင်တတ်တဲ့ကျတော်က လိုင်းတက်တိုင်းတော့သူ့ဝေါလ်ထဲဝင်ကြည့်မြဲပါပဲ....
သူငယ်ချင်းအနည်းငယ်ပဲရှိတဲ့ ကျတော့် Acc မှာ သူ Like လုပ်တိုင်းတက်လာတဲ့ Model ကောင်မလေးတွေရဲ့ Photo လေးတွေက New Feed တစ်ခုလုံးအစီအရီနေရာယူခဲ့ပြီ...
Follower တွေတိုးလာသလို Following တွေလည်းများလာတဲ့ ကလေးAcc လေးကတော့ စိုပြေနေခဲ့တယ်...
ဟုတ်တယ် သူမအားတာပါ အလုပ်တွေလည်းများလာနေပြီလေ Over Sea တွေ ခဏခဏသွားရတဲ့ကလေးက အခုလည်း Korea ကို Photo Shooting အတွက်ရောက်နေပြန်တယ်...
Social Media ကို ကောင်းကောင်းမသုံးတတ်တဲ့ကျတော်က ကလေးအကောင့်ထဲဝင်ပြီး Post တွေ Following, Follower နဲ့ Ment တွေကိုတော့ ဝင်ကြည့်ဖို့အတွက်အရမ်းမခက်ခဲနေခဲ့ဘူး...
ကလေး Following တွေထဲ အခုဆို လူမျိုးခြားတွေပါတိုးလာတာက ကလေးအတွက် ဂုဏ်ယူစရာ ခြေဆန့်နိုင်ခဲ့မှု့လေလား...
ဘာမှမတွေးမိအောင် တွေးမိတဲ့အတွေးတွေကိုလက်မခံချင်လွန်းလို့ အလုပ်တွေကိုဖိလုပ်နေခဲ့တာလေ....
မင်းကတော့ ကိုရီးယားမှာပျော်နေတယ်တဲ့လား...
ပျော်ပါစေ ပျော်နေဖို့ပဲမျှော်လင့်နေခဲ့ပေမယ့် ငါမျှော်လင့်ခဲ့တဲ့မင်းရဲ့ ပျော်ရွှင်မှု့ကဒီလိုပုံစံမျိုးနဲ့မဟုတ်ခဲ့ဘူး ...
ဘေးလူရင်းတွေကလာလာပြကြတဲ့ သံသယဖြစ်စရာတွေကို ဘူးခံငြင်းနေပေမယ့် ငါ့ရင်ထဲကယုံကြည်မှု့တွေကလည်း မခိုင်မာနေခဲ့တော့ဘူး...
ကလေး ဒီအခြေအနေကြီးက ဘာကြီးလဲကွာ မင်းက ဒီလိုမျိုးလေးကိုရွေးချယ်ချင်တယ်ဆိုရင် ကို က အလိုက်သိပါ့မယ်ကလေးရယ်....
YOU ARE READING
Incidentally Love With Bunny 🐰 & Choux Cream 🍩
FantasySonPin💕 ကိုယ်က SonPin ချစ်သူမို့ SonPinကို❤🖤 ကိုယ့်ခံစားချက်တွေရယ်အပြင်ကခံစားချက်လေးတွေရယ်ပါပေါင်းပြီး ရေးကြည့်မယ်....