နေမင်းကြီးရဲ့ အလင်းရောင်က လိုက်ကာကြားထဲကနေပြီးတော့ အခန်းလေးထဲရှိလူသားနှစ်ဦးဆီ တိုးဝင်လို့လာပါပြီ
Seungri အိပ်ယာကနိုးတော့ မျက်နှာကို တဝက်အုပ်နေတဲ့ စောင်ကဖယ်လိုက်သည်
အိပ်ယာခင်းတွေ စောင်တွေ အရောင်ပြောင်းလို့နေသည်
* ငါ့အိပ်ယာခင်းက အညိုရောင်ပါ ဘာလို့ အဖြူရောင်လဲ ဘယ်သူလဲလိုက်ပြန်ပြီလဲမသိဘူး *
အုံးထားတဲ့ခေါင်းအုံးကြီးကလည်း သေးသေးနဲ့မာမာကြီး ဘာတွေလဲ
ခေါင်းအုံးကို ကိုင်ကြည့်လိုက်တဲ့အချိန်မှာ
လက် . . . . . လက်ကြီး တပ်တူးတွေနဲ့လက်ကြီး
အလန့်တကြားနဲ့ နောက်လှည့်ကြည့်လိုက်တော့
အေးချမ်းစွာ အိပ်ပျော်နေတဲ့ Kwon Ji Yong
အကျီင်္လည်းမပါဘူး
သူနဲ့စောင်အတူတူ ခြုံပြီး သူ့လက်မောင်းကိုလည်း ခေါင်းအုံးအိပ်ထားတယ်ဘုရားရေ . . . . . ဘာအိမ်မက်ကြီးလဲ
* မကောင်းဘူးနော် . . . မကောင်းဘူး
မြန်မြန် မြန်မြန် နိုးစမ်း နိုးစမ်း *ရင်ခွင်ထဲက ခေါင်းတခါခါနှင့် ကောင်လေးကြောင့် GD နိုးလာရသည်
" Lee Seungri မင်းဘာဖြစ်နေတာလဲ ငါမင်းကြောင့် မနက်မိုးလင်းမှအိပ်ရတာနော် "
အိပ်ချင်မူးတူးပြောတဲ့သူကြောင့် အိမ်မက်မဟုတ်မှန်း Seungri သိလေပြီ
" အားးးး Hyung "
" Wae? "
မျက်စိမဖွင့်ပဲဖြေလေသည်
" hyung ည....ညတုန်းကလေ ကျွန်တော်လေ . . . ကျွန်တော်တို့ Top hyung အိမ်မှာလေ အ..အခု ကျွန်တော်တို့ ....."
" အခု ငါ့အိမ်ရောက်နေတာ "
" ကျွန်တော် ဘယ်လို Hyung hyung အိမ်. . . .အု "
လက်မောင်းပေါ်ခေါင်းအုံးထားတဲ့ Seungri ကိုဆွဲဖက်ရင်း အသည်းပုံနှုတ်ခမ်းလေးကို ချိတ်ပိတ်ပေးလိုက်သည်

YOU ARE READING
Real Heartbeat
Fanfictionreality ပုံစံမျိုးလေးရေးမှာပါ Ro လည်း ro မှာပါ ငိုလည်းငိုရမယ်ပေါ့နော် mature ကတော့ နည်းနည်းပေါ့ စိတ်ကူးနှင့် လက်တွေ့ထပ်တူကြဖို့ရာ ဆုတောင်းရင်း GD & Seungri Nyongtory Forever Nyongtory World