Real Heartbeat 9

721 30 3
                                    

GD က​ပြော​ပြောပြီးချင်း ရုပ်​တည်​ကြီးနဲ့ ကုတင်​​ပေါ်လှဲချလိုက်​သည်

Seungri က​တော့ ကုတင်​​ပေါ်မှာပဲ ငုတ်​တုပ်

Seungri ​ပြောစရာစကားရှာလို့မ​တွေ့၊ တစ်​ပတ်​လုံးလုံးသူ့ဘာသာသူ မဟုတ်​တာ​တွေ​တွေးပြီးဝမ်းနည်း​နေတာ​လေ

" hyung . . . . .hyung "

မျက်​လုံးများပိတ်​ထားသည်​ ပြန်​မထူးဘူး

" hyung ကျွန်​​တော်​က​လေ hyung များကျွန်​​တော့်​ကို . . . . "

" မင်းဘက်​ကချည်းပဲ သက်​သက်​ Feel ​နေတာ​လေ "

" ဟုတ်​ပါတယ်​ hyung ရယ်​ကျွန်​​တော်​မှားပါတယ်​ စိတ်​မဆိုးပါနဲ့​နော်​ "

ဘာမှပြန်​မ​ပြောတဲ့အပြင်​ မျက်​လုံး​လေး​တောင်​ဖွင့်​မကြည့်​ဘူး၊ ခုနကတုန်းနဲ့အ​ခြေအ​နေ​တွေက ​ပြောင်းပြန်​ကြီး . . . . အခု​တော့ စိတ်​ဆိုးတဲ့သူက GD ဖြစ်​သွားပြီ

" ချစ်​..ချစ်​လို့ပါ "

Seungri ရဲ့ပထမဦးဆုံး ဝန်​ခံလိုက်​ခြင်း

GD မျက်​လုံးများပွင့်​လာသည်

" ကျွ..ကျွန်​တာ်​က hyung ကို ချစ်​...အု..."

အနမ်းကြမ်းများဖြင့်​ ပိတ်​ခံလိုက်​ရ​သော Seungri နှုတ်​ခမ်းပါး​လေးမှာ အသံတစ်​ခုမှထွက်​​ပေါ်မလာခဲ့​တော့ . . .

" ကိုယ့်​ကိုကိုယ်​ အပြစ်​ရှိတာသိလား "

အ​ပေါ်မှအုပ်​မိုး၍ ရယ်​ကျဲကျဲဖြင့်​​မေးလာတဲ့သူ

" Hyung . . . ကျွန်​​တော်​က..."

နှုတ်​ခမ်းများမဟလာ​အောင်​ အနမ်းများနှင့်​ထပ်​မံတားဆီးသူ

" ကို. . . .လို့​ခေါ် "

" ဟင်​! "

ထပ်​ပြီး အနမ်းခံရတာ​တောင်​ Seungri မှာ​ကြောင်​​တောင်​​တောင်​​လေး. Seungri သူ့နှုတ်​ခမ်းသူ ကိုင်​လိုက်​မိတယ်​၊ အနမ်းခံရတာများ​တော့ နှုတ်​ခမ်း​တွေ​တောင်​ထူပူပြီး ကျိန်းစက်​​နေပြီ

" ​ဟော....မ​ခေါ်​သေးဘူးလား "

GD ကထပ်​ကပ်​လာပြန်​တယ်
Seungri သူ့နှုတ်​ခမ်း​လေးကို ကာလိုက်​ပြီး

Real HeartbeatTempat cerita menjadi hidup. Temukan sekarang