Real Heartbeat 8

645 31 3
                                    

အခန်းတံခါး​လေးကို ​ခြေ​ထောက်​​လေးနဲ့ပိတ်​ပြီး ​လော့ချလိုက်​တယ်

ရုန်းကန်​​နေတဲ့ကာင်​​လေးကို နံရံမှာကပ်​ပြီး အတင်းအကျပ်​အနမ်း​တွေ ဇွတ်​​ပေးမိတယ်
တစ်​ပတ်​လုံး မျက်​နှာမမြင်​ရ အသံမကြားရနဲ့ ဘယ်​​လောက်​​တောင်​လွမ်း​နေလဲဆိုတာ သူတစ်​​ယောက်​ထဲ သိတယ်

နမ်း​နေတာကို အတင်းအကြပ်​ရုန်း​နေတဲ့သူကလည်းမ​လျော့ ချုပ်​ပြီးနမ်း​နေတဲ့သူကလည်းမ​လျော့ တစ်​ခန်းလုံးရုန်းရင်းဆံခတ်​ပဲ

အောက်​နှုတ်​ခမ်း​လေးကို ဖွဖွ​လေးကိုက်​ပြီး လျှာ​လေးကို ဝင်​ခွင့်​​တောင်းလိုက်​​တော့ ပွင့်​မလာဘဲ အံကြိတ်​ထားတဲ့ နှုတ်​ခမ်းတစ်​စုံ

GD ​နောက်​ဆုံး​တော့ လွှတ်​​ပေးလိုက်​တယ်
သူ့က​လေး နာသွားမှာစိုးလို့

" Ri ဘာဖြစ်​​နေတာလဲ "

" . . . . . . . . . . . . "

" Lee Seungri!!! ဘာဖြစ်​​နေတာလဲလို့ ကိုယ်​​မေး​နေတယ်​​လေ "

" လာမ​အော်​နဲ့ !!!!!! ခင်​ဗျားမှန်​တာ တစ်​ခုမှမရှိဘူး ကျွန်​​တော့်​ကို လာမ​အော်​နဲ့!!! "

" Ri "

" မ​ခေါ်နဲ့ ခင်​ဗျားနဲ့ကျွန်​​တော်​ဘာမှမဆိုင်​ဘူး "

အခန်းပြင်​ထွက်​​တော့မယ့်​သူ့ရဲ့လက်​ကို လှမ်းဆွဲလိုက်​သည်

" ဖယ်​ !!! လွှတ်​ "

" မလွှတ်​​ပေးနိုင်​ဘူး မင်းဘာဖြစ်​​နေလဲဆိုတာ ကိုယ့်​ကို​ပြောပြ "

" လွှတ်​စမ်းပါ !"

လက်​ကိုဆွဲဖြုတ်​ကာ အပြင်​ထွက်​​တော့မည့်​​ကောင်​​လေး၏ ကိုယ်​ကိုဆွဲလှည့်​ကာ ​မွေ့ယာထက်​တွင်​ အကျတန​နေရာယူ​စေသည်

ထို့​နောက်​ နှုတ်​မှဘယ်​စကားမှမဟခင်​ အနမ်း​တွေကို တရကြမ်းဆက်​တိုက်​​ပေးမိပြန်​သည်

" အင့်​....ခင်​..ခင်​ဗျားကြီးကို မုန်းတယ်​ "

Seungri ရဲ့စကား​ကြောင့်​ ကြယ်​သီးဖြုတ်​လျက်​ရှိ​သော GD ၏လက်​များရပ်​တန့်​သွားသည်
Seungri မျက်​နှာ​လေးကိုကြည့်​မိသည့်​အခါ မျက်​ရည်​များ မျက်​နှာတစ်​ပြင်​လုံးတွင်​ အပြည့်

Real HeartbeatWhere stories live. Discover now