Real Heartbeat 2

814 33 3
                                    

" Hyung hyung "

Concert ပြီး​တော့ စင်​​နောက်​မှာ အဝတ်​အစားလဲ​နေတုန်း GD အနားမှာဘယ်​သူမှမရှိတာ​ကြောင့်​ စကား​ပြောလို့ရ​အောင်​​ခေါ်လိုက်​သည်

Dating news ကိစ္စကိုရှင်းပြချင်​သည်
သူ့ဘက်​က​တော့ leader တစ်​​ယောက်​အ​နေနဲ့ စိတ်​ဆိုးတာဖြစ်​ပမယ့်​ ဘယ်​နည်းနဲ့ပဲဖြစ်​ဖြစ်​ အထင်​​တော့မလွဲ ​စေချင်​ပါ.

GD ကလှည့်​သာ ကြည့်​ပြီး ဘာမှပြန်​မ​ပြော
သူ့လုပ်​လက်​စ အလုပ်​ကိုသာ ဆက်​လုပ်​​နေတယ်
Seungri ကပဲအနားကပ်​သွားပြီး

" hyung dating new က​လေ "

" ဘာ​ပြောချင်​​နေတာလဲ "

" hyung dating new က fake ကြီးပါ "

" ​သြော်​ အိပ်​ယာ​ပေါ်က ပုံ ​တွေကလည်း fake ပဲ​ပေါ့ ဟုတ်​လား "

" မဟုတ်​ပါဘူး မဟုတ်​ပါဘူး hyung အဲ့ဒါကျွန်​​တော်​ မဟုတ်​ပါဘူး e...edit ကြီး​တွေပါ တကယ်​ပါ hyung ကျွန်​​တော့်​ကို စိတ်​မဆိုးပါနဲ့ "

" ငါကဘာကိစ္စစိတ်​ဆိုးရမှာလဲ "

" hyung စိတ်​မဆိုးဘူးဆိုပြီးတာပါပဲ ကျွန်​​တော်​ နဲ့ပတ်​သတ်​ပြီး အဖွဲ့နာမည်​ပျက်​​အောင်​ ဘယ်​​တော့မှမလုပ်​ပါဘူး "

" . . . . . . . . . . "

" အာာာ Hyung ဒါဆိုရင်​ ညစာစားပွဲမှ​တွေ့မယ်​​နော်​ "

Seungri က​တော့ အခန်းထဲကပြန်​ထွက်​သွားသည်​။ ထိုအချိန်​မှ GD သည်​ သက်​ပြင်းအရှည်​ကြီးကို မှုတ်​ချပြီး ဆိုဖာ​ပေါ်ထိုင်​လိုက်​သည်

အခန်းထဲသို့ Taeyang ဝင်​လာခဲ့သည်

" Ji Yong "

" Youngbae လာ​လေ ဘာ​ပြောစရာရှိလို့လဲ "

Taeyang က​တော့ GD နဲ့နီးနီးမှာထိုင်​လိုက်​တယ်​ နှစ်​ကိုယ်​ကြားပဲ​ပြောချင်​လို့

" Jiyong ငါမင်းသူငယ်​ချင်း​နော်​ "

" အရင်းနှီးဆုံးပဲ "

" တိုင်​ပင်​​ဖော်​ တိုင်​ပင်​ဖက်​လည်းဖြစ်​တယ်​​နော်​ "

" ကဲပါ Youngbae ရယ်​ စကားပလ္လင်​​တွေခံမ​နေစမ်း ပါနဲ့ ​ပြောစရာရှိတာသာ တည့်​​ပြောပါကွာ "

Real HeartbeatWhere stories live. Discover now