Narak တစ်ယောက် ရိပေါ်နဲ့ ပတ်သက်ပြီး အကူအညီ တောင်းပေးဖို့ သူ့ပါးပါးရဲ့ ဆေးရုံကို လာခဲ့တယ်။
"အော်..သမီးNarakပါလား..ပါးရဲ့ ဆေးရုံကို မလာစဖူး လာရင်းကိစ္စကို ဆိုစမ်းပါဦး"
"ပါး..သမီးကို တစ်ခု ကူညီပေးပါ"
"အမယ်..အစမ်းပါလား။ကယ်..ပြောကြည့် ဘာကိစ္စလဲဆိုတာ။သမီး မုန့်ဖိုး မလောက်ပြန်လို့လား?"
"မဟုတ်ဘူး ပါး။သမီးအကူအညီ တောင်းချင်တာက...."
Narak လည်း သူ့ပါးပါးကို ရိပေါ်ရဲ့ အကြောင်း ပြောပြလိုက်တယ်။
"ပါး...အဲ့တာ ခွဲစိတ်ရင် သူ့မှာ chanceရှိနိုင်လားဟင်?"
"အင်း..ပါးမှာတော့ အခင်ရဆုံး အသိ ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက်ရှိတယ်။သူက ဦးနှောက်နဲ့ အာရုံကြော ဘက်ကပဲ။သူ့ကိုပြောပေးဆိုရင်တော့ ပါးကူညီပေးလို့ရတယ် Narak။"
"တကယ်လားပါး?အာ့ဆို Narak သူငယ်ချင်း အတွက် အဲ့ဆရာဝန်ကြီးကို ပြောပေးပါ ပါး။"
"ဒါနဲ့ နေပါဦး သမီး။သမီး သူငယ်ချင်းရဲ့ နာမည်က ဘယ်သူ?"
"ရိပေါ် ပါ ပါး...ဝမ်ရိပေါ်တဲ့.."
"ဝမ်ရိပေါ်?"
"ပါးက သူ့ကို သိလို့လား?"
"အင်း...ဟိုတနေ့ကပဲ ပါးရဲ့ ခွဲစိတ်လူနာတစ်ယောက်ကို အသည်းလှူမယ့် သူငယ်လေး တစ်ယောက်နဲ့ နာမည်တော်တော် ဆင်နေလို့ သမီး"
"ဟမ်..သူ လှူမယ်ဆိုပြီး ကိုယ်တိုင်လာပြောတာလား ပါး?"
"မဟုတ်ဘူး သမီး။ဒီလို..."
.
.
.
.
.
.
.
====
"ကျစ်!တော်တော် ယုတ်မာတဲ့ မိန်းမပဲ..."Narak တစ်ယောက် သူ့ပါးပါး ပြောပြလိုက်တာတွေကြောင့် ဒေါသထွက်ကာ ကားကို အိမ်တစ်အိမ်ဆီသို့ မောင်းထွက်လာခဲ့တယ်။
Narak ခြံရဲ့ bellကို တီးလိုက်တော့ အဒေါ်ကြီး တစ်ယောက်ထွက်လာပြီး "သမီး ဘယ်သူနဲ့တွေ့ချင်လို့လဲ?"
"အန်တီ ဒီအိမ်ကလေ ယွမ်ယွမ်ဆိုတဲ့ မိန်းကလေးရဲ့ အိမ်လား မသိဘူး?"
"အေး..ဟုတ်တယ် သမီး။ဒါနဲ့ သမီးက?"
"သမီးက သူနဲ့ အရေးကြီး ပြောစရာကိစ္စရှိလို့ပါ။သူနဲ့ အခု တွေ့လို့ရမလား အန်တီ?"
YOU ARE READING
Absolute boyfriend [Complete]Zawgyi
Fanfictionကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိုင်စီးသွားခဲ့တယ်။သူသာ မွေးမလာခဲ့ရင် ကျွန်တော် အရမ်းတောင့်တခဲ့တဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခ...