"သခင်လေး..သခင်လေး.."
ရေးကြီးသုတ်ပျာနဲ့ ရောက်လာတဲ့ အန်တီကြီးရဲ့ အသံကြောင့် ကျွန်တော် တံခါးကို အမြန်ဖွင့်လိုက်သည်။
"ဘာဖြစ်လို့လဲ အဒေါ်?"
"ရှောင်ကျန်း..ရှောင်ကျန်းဆိုတဲ့ တယောက်လေ သခင်လေး.....သူ.."
"သူ ဘာဖြစ်လို့လဲ အဒေါ်??"
"သူ ကားအက်ဆီးဒန့်ဖြစ်လို့တဲ့ သခင်လေး..."
"ဟမ်..အက်ဆီးဒန့်??"
ရိပေါ် တုန်လှုပ်သွားမိသည်။
"သူ..အခု ဘယ်ဆေးရုံမှာတဲ့လဲ အဒေါ်?"
====
ရိပေါ်လည်း ရှောင်ကျန်း အက်ဆီးဒန့်ဖြစ်တယ်ဆိုတဲ့ ဆေးရုံကို အမြန်ပဲ လိုက်လာမိသည်။"ကျန်းကော..ဘာမှမဖြစ်လိုက်ပါနဲ့နော်...ကျွန်တော် မှားပါတယ်ဗျာ...အခုတော့ ကျွန်တော့်ကြောင့်...."
ရိပေါ် ဆေးရုံကိုရောက်တော့ အရေးပေါ် အခန်းရှေ့မှာ ရပ်နေတဲ့ ကျန်ချန်းကို တွေ့လိုက်ရသည်။
ရိပေါ် ကျန်ချန်းဆီ ပြေးသွားလိုက်ပြီး "ကျန်ချန်းကော...ကျန်းကောရောဟင်?ကျန်းကော ဘယ်မှာလဲလို့??"
"ရိပေါ်..."
"ကျွန်တော့်ကို ကောနဲ့ ပေးတွေ့ပါနော်..ကော ဘာမှမဖြစ်ဘူးမလားဟင်??..."
"....."
"ဖြေပါဦးဗျာ...ဖြေပါဦး..."
"ငါ စိတ်မကောင်းပါဘူး..ရိပေါ်..."
ရိပေါ် မျက်ရည်တွေ အတားအဆီးမရှိ ကျကာ နေရာမှာတင် အရုပ်ကြိုးပျက် လဲကျသွားမိသည်။
"ရိပေါ်...စိတ်ထိန်းဦးလေကွာ.."ကျန်ချန်းလည်း လဲကျခါနီး ဖြစ်သွားတဲ့ ရိပေါ်ကို အမြန် လှမ်းတွဲလိုက်တယ်။
"ကျွန်တော် မှားတာပါဗျာ...ကျွန်တော် ကော့ကိုအဲ့လို မပြောခဲ့သင့်ဘူး...ကျွန်တော့် အမှားပါ...ကျွန်တော့်ကို ထားမသွားပါနဲ့နော်...ကျွန်တော် ကျန်းကောကို အရမ်းချစ်တာပါဗျာ...."
"ကော့ကို တကယ်ချစ်တာလား?"
နောက်မှ ထွက်လာတဲ့ အသံကြောင့် ရိပေါ်နောက်ကို လှည့်ကြည့်လိုက်တော့ ရှောင်ကျန်းက သူ့အနောက်မှာ ပြုံးပြီး ရပ်နေတယ်။
VOUS LISEZ
Absolute boyfriend [Complete]Zawgyi
Fanfictionကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိုင်စီးသွားခဲ့တယ်။သူသာ မွေးမလာခဲ့ရင် ကျွန်တော် အရမ်းတောင့်တခဲ့တဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခ...