အပိုင်း ၁၀

6.2K 555 145
                                    

"ရှောင်ကျန်း ဒီမှာ မင်းစုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေ"ကျန်ချန်းက ကျွန်တော့်ရှေ့မှာ ဖိုင်တစ်ခုချရင်း ပြောလိုက်သည်။

"အေးကွာ..ကျေးဇူးပါပဲ"

"ရှောင်ကျန်း.."

"အေး.."

"မင်းနေမကောင်းဘူးလား?မျက်နှာလည်း မကောင်းဘူး.."

"မဟုတ်ပါဘူးကွာ..ငါနေကောင်းပါတယ်"

"ဒါနဲ့..ငါမင်းကို တစ်ခုလောက်မေးလို့ ရမလား?"

"အေး..မေးလေ"

"မင်း ဘာလို့ဒီကိစ္စကို ငါ့ကို စုံစမ်းခိုင်းနေရတာလဲ ဆိုတာ..အဲ့တာ ငါသိခွင့်ရှိမလား?"

"အေး..အမှန်အတိုင်း ပြောရရင် ဒီNarakဆိုတဲ့ကောင်မလေးက ခုတလော ရိပေါ်နဲ့ တူတူတွဲသွားတွဲလာ လုပ်နေတာကွ။အဲ့တာ ငါရိပေါ်ကို စိတ်မချဘူး။ငါအစ်ကိုတစ်ယောက်အနေနဲ့... သူ လမ်းမှားရောက်သွားမှာ စိုးတယ်ကွာ.."

"အော်..အဲ့လိုကို။ဒါဆို မင်းသူ့ကိုတိုက်ရိုက်ပဲပြောလိုက်ပါလား၊အဲ့ကောင်မလေးနဲ့ အပေါင်းအသင်းမလုပ်ဖို့။ရိပေါ်က မင်းပြောတာဆိုရင် နားထောင်မှာပါ.."

ရှောင်ကျန်း သက်ပြင်းချရင်း "မဟုတ်ဘူး ကျန်ချန်း..ရိပေါ်..သူ အရမ်း ပြောင်းလဲသွားပြီကွ၊အရင်လို မဟုတ်တော့ဘူး..အရင်လို ငါ့စကားကိုလည်း နားမထောင်တော့ဘူး။ပြီးတော့ အရင်က သူ့ရဲ့ အမူအကျင့်တွေအားလုံး ပျောက်ကုန်ပြီး လူအသစ်တစ်ယောက်လိုကို ဖြစ်နေတာ.."

"ဟမ်..အဲ့လောက်တောင် ရုတ်ချည်းပြောင်းလဲသွားရတယ်လို့၊ဟုတ်ကော ဟုတ်ရဲ့လားကွာ?"

ကျန်ချန်းက မယုံတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

"အေး..ဟုတ်တယ် တကယ်ကို ပြောင်းလဲသွားတာ။မင်းလည်း သိတဲ့အတိုင်းပဲ ငါက မကြာခင် လက်ထပ်ပွဲပြီးရင် ဒီမှာနေဖြစ်တော့မှာ မဟုတ်ဘူးလေ။အဲ့တာ အခု ငါသူ့အနားမှာရှိနေတုန်း သူ့ကို ကောင်းတဲ့လမ်းကြောင်း ပေါ်မှာပဲ ရှိနေစေချင်တာကွ.."

"ရှောင်ကျန်း..မင်းတကယ်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီလား?"

"အေး.."

"အေးလေ..မင်းက ဆုံးဖြတ်ပြီးသား ဆိုတော့လည်း ငါ မတားချင်တော့ပါဘူးကွာ။ဒါပေမဲ့ ငါတော့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မင်းကို သတိရနေရတော့မှာပဲ ရှောင်ကျန်းရေ.."

Absolute boyfriend [Complete]ZawgyiDove le storie prendono vita. Scoprilo ora