အပိုင်း တစ်

70.1K 3.3K 397
                                    


(Zawgyi )

" Happy Birthday ကောင်းမြတ်သား ''

ဆုတောင်းနူတ်ဆက်သံတွေနဲ့အတူ ခွက်ချင်းတိုက်သံတွေ ဆူညံသွားပြီးနောက် ဒီနေ့ရဲ့မွေးနေ့ရှင်ဖြစ်သူ ကောင်းမြတ်သားကို သူငယ်ချင်းတစ်ဖွဲ့ဝိုင်းဝန်းဆုတောင်းပေးကြသည် ။ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်သွားတဲ့ ကောင်းမြတ်သားအတွက်ကတော့ ဒီနေ့ပြီးရင် သူ့ကိုသူ လူကြီးတစ်ယောက်လို နေနိုင်ပြီထင်ပြီး ကြည်နူးပီတိဖြစ်ကာ သူငယ်ချင်းတွေကြား မိန့်မိန့်ကြီးထိုင်နေသည် ။

" မင်းအသက် ၁၈ နှစ်ပြည့်ပြီဆိုတော့ ကလပ်တက်ဖို့ အရင်လို မင်းမိဘခွင့်ပြုချက် မလိုတော့ဘူးပေါ့ "

ပိုင်သူဆိုသည့် သူငယ်ချင်းတစ်ဦးက သူ့ပခုံးကို ပုတ်လျှက်မေးလာတော့ ကောင်းမြတ်သားရဲ့မျက်လုံးတွေ ၀ိုင်းစက်သွားပြီး သူတို့ကို ပြန်လည်ကာ ပြူးကြည့်လာသည် ။ သူက ချမ်းသာတဲ့အိမ်က သားသမီးတစ်ယောက်မလို့ သူ့အပေါင်းအသင်းတွေကလည်း ငွေကြေးချမ်းသာတဲ့သားသမီးတွေချည်းပင် ။ လွတ်လွတ်လပ်လပ်အပျော်ရှာတတ်သည့် ဒီအရွယ်လူငယ်လေးတွေအဖို့ ညဖက်အပြင်ထွက်ဖို့ မိဘကို ခွင့်တောင်းစရာမလိုကြသော်လည်း သူကတော့ အများနဲ့မတူ ။ မိဘနှစ်ပါးက မျက်လုံးဒေါက်ထောင့်ကြည့်နေတတ်တဲ့အပြင် တစ်ဦးတည်းသောအမကလည်း သူ့ကို မူလတန်းကလေးတစ်ယောက်လို လိုက်ထိန်းနေတာမလို့ သူ့အတွက် လွတ်လပ်မှုက ချွဲတစ်လှည့် ငိုတစ်လှည့်တိုက်ယူနေရသူမလို့ တစ်ခုခုဆို သူ ဘာလုပ်လုပ် အိမ်က ခွင့်ပြုချက်ရမှ လုပ်ရခြင်းဖြစ်သည် ။ အခုတောင် မွေးနေ့မလို့ ဒီတစ်ရက်တော့ လွတ်လပ်ခွင့်ပေးပါ ၊ ၁၂ နာရီမထိုးခင် အမှီပြန်လာပါ့မယ်လို့ ကတိအထပ်ထပ်ပေးပြီး အိမ်က ကားဖြင့် လာပို့ခိုင်းရခြင်းဖြစ်သည် ။ အသက် ၁၈ နှစ်ပြည့်တာနဲ့ပဲ လုပ်ချင်တာလုပ်ခွင့်ရပြီလို့ ဘော်ဒါတွေထင်နေခြင်းက သူ့အိမ်ကို အထင်ကြီးလွန်းအားကြီးသွားပြီ ။

ကောင်းမြတ်သာ ပိုင်သူ့ရဲ့လက်ကို ဖယ်လိုက်ရင်း ဟန်ဆောင်ပြုံးလိုက်သည် ။

" မင်းတို့သိသားနဲ့ ။ ငါ့အိမ်က ငါ့ကို အခုထိ မူလတန်း ကလေးလို့ ထင်နေတုန်းဆိုတာ ။ မင်းတို့လို လွတ်လွတ်လပ်လပ် နေရဖို့ကတော့ ခုထိ လမ်းမမြင်ပါဘူးကွာ "

30 days with Mr.Kidnapper (Z+U) ( Completed )Opowieści tętniące życiem. Odkryj je teraz