အပိုင်း ကိုး

20.2K 2K 102
                                    

" သူတို့က ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား ။ ကောင်လေးက မင်းအတိုင်းပဲ ၊ တစ်ဆိတ်ရှိ စိတ်ကောက်မယ် ၊ အိမ်ပေါ်ကဆင်းမယ်ဆိုတာချည်းပဲ '

" ဒါကြောင့် ကြားသုံးကြား မပါကောင်းလို့ ပြောတာပေါ့ ။ ရှင်ဟာလေ အကျိုးအကြောင်း သေချာမမေးဘဲ ဇွတ်ခေါ်လာရတယ်လို့ ။ မတော်လို့ သူ့အမျိုးသားဆိုတဲ့လူက ရှင့်ကို ရန်ရှာရင် ဘယ်နှယ့်လုပ်မလဲ "

" အော် ....... ငါလည်း သူ တကယ် အချုပ်နှောင်ခံရတယ်ထင်လို့ ခေါ်လာတာပေါ့ ။  နောက်ဆို အက်ရှင်ကားတွေကြည့်တာ လျော့မှရတော့မယ် ။ ကဲ.... လာ .. သွားရအောင် "

ကားအဖြူနဲ့ လင်မယားနှစ်ဦးသည် ကိုယ်စီပြုံးလျှက် နောက်ကြည့်မှန်ကနေ တစ်ချက်ကြည့်လိုက်ရင်း ကားကို မောင်းထွက်သွားသည် ။

ခပ်မာမာ ကွန်ကရစ်လမ်းပေါ်တွင် မြတ်သားတစ်ယောက် ရပ်နေရင်း သူ့ဆီလျှောက်လာသည့် လူကြီးကို မျက်ရည်ရွဲလည်းနဲ့ ကြည့်နေမိသည် ။ လူကြီးသည် ခြေထောက်ဒဏ်ရာ မသက်သာသော်ငြား နာကျင်မှုကို မေ့လျော့ကာ ရှေ့တည့်တည့်က ကောင်လေးဆီသို့ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာလိုက်သည် ။

ဒီလူကြီးသူ့ဆီရောက်လာတဲ့အထိစောင့်နေရင် မိုးချုပ်သွားတော့မှာပဲဟုတွေးရင်း မြတ်သာ ခြေလှမ်းကျဲကျဲတွေနဲ့ လွန်းနှောင်ရှိရာပြေးသွားမိသည် ။ နီးကပ်လာသော လူနှစ်ဦးတွင် တစ်ဦးက ငိုနေသော်လည်း တစ်ဦးက ပြုံးနေသည် ။ သူ့ဆီပြေးဝင်လာသည့်ကောင်လေးကို လက်နှစ်ဖက်ကို ဆန့်တန်းလျှက် လွန်းနှောင်ဆီးကြိုနေမိသည် ။

အင့် .......

လွန်းနှောင် နောက်ပြန်လှန်ကျမလို ဖြစ်သွားပေမယ့် ခန္ဓာကိုယ်သေးသေးလေးကိုတော့ ကျစ်ကျစ်ပါအောင် ပွေ့ဖက်လိုက်မိပါသည် ။ မြတ်သား၏ပါးပြင်နှင့် ဆံနွယ်နုနုတွေကို နမ်းရိုက်ရင်း လွန်းနှောင် မျက်ရည်ဝဲကျလာသည် ။

" ကိုယ့်ဆီ ပြန်လာခဲ့ပေးလို့ ကျေးဇူးပါကွာ ။ ကိုယ် မင်းကို ဆုံးရှူံးရပြီလို့ ထင်ခဲ့မိတာ "

" ပြန်မလာချင်ခဲ့ပါဘူး .......... ခင်ဗျားကြီးကို သနားလို့ ။ နေမကောင်းတဲ့သူကို တစ်ယောက်တည်း ပစ်မထားချင်လို့ "

30 days with Mr.Kidnapper (Z+U) ( Completed )Opowieści tętniące życiem. Odkryj je teraz