အပိုင်း ရှစ်

19.8K 1.9K 63
                                    

" မြတ်သား ........... ကိုကို့ကိုစောင့်ဦး ။ ဘယ်သွားမလို့လဲ "

မြတ်သားက ပြန်မဖြေဘဲ ပိုပြီး အရှိန်တင်ကာပြေးနေသောကြောင့် လွန်းနှောင်လည်း မြန်မြန်ဆန်ဆန်ပင် ပြေးလိုက်လာလိုက်သည်။ ဘယ်လောက်မှမကြာလိုက် သူ မြတ်သားကို မှီသွားလို့ မြတ်သားရဲ့ လက်ကိုလှမ်းဆွဲလိုက်သည် ။

" မြတ်သား ......... ကိုကိုပြောတာကို နားထောင်လေ ။ ဒီအချိန်ကြီး ဘယ်သွားမလို့လဲ "

" ကျွန်တော့်ရဲ့လက်ကိုလွှတ် . .. လူယုတ်မာ ။ ဒါတွေ အားလုံးက ခင်ဗျားကြောင့်ဖြစ်တာ ။ ကျွန်တော့်မိသားစုကို လီဆယ်ပြီး ပုံတွေပို့ရုံနဲ့ အားမရသေးလို့ ကျွန်တော့်ကိုပါ ကလေးကလားပုံပြင်တွေထွင်ပြီး အယုံသွင်းတယ် ။ လွှတ်ပေး ........... ကျွန်တော် အိမ်ပြန်မယ် "

" ကိုကို မင်းကို လိမ်ခဲ့တာ မရှိဘူး မြတ်သား ။ ကိုကို မင်းမိသားစုတွေကို စိတ်ဆင်းရဲအောင် ပုံတွေပို့ခဲ့တာမှန်တယ် ။ ဒါပေမယ့် မင်းနဲ့ ပက်သက်ရင် ကိုကို လိမ်ခဲ့တာ မရှိဘူး "

"ဒါဆို ကျေနပ်တော့လေ ။ အခု ကျွန်တော့်မိသားစုဝင်တွေ စိတ်ဆင်းရဲပြီး ကျွန်တော့်ကိုပါ သားအဖြစ်ကပါ စွန့်လွှတ်တော့မယ်တဲ့ ။ ခင်ဗျားလိုချင်တာ ဒါ မဟုတ်လား ''

" ဘာ .......... မင်း ဘာပြောလိုက်တာလဲ ။ သား အဖြစ်ကနေ စွန့်လွှတ်တယ်ဆိုတာက ဘာစကားလဲ "

မြတ်သား၏ လက်နှစ်ဖက်လုံးကို ချုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်ကာ မေးလိုက်တော့ မြတ်သားက သူ့ကို ကြောက်ရွံ့ရွံရှာသလို ကြည့်လာသည် ။

" ကျွန်တော် အိမ်နဲ့ အဆက်သွယ် ရခဲ့တယ် ။ သူတို့က သူတို့မျက်နှာ အိုးမဲသုတ်တဲ့သားကို စွန့်ပစ်လိုက်ပြီဆိုတာကို ပြောထားတယ် ။ ကျွန်တော် ဒါတွေကို မယုံဘူး ။ ဒါကြောင့် ကိုယ်တိုင်သွားမေးရမယ် ''

" မြတ်သား ........... အား ........."

လွန်းနှောင် ဘယ်လိုပင် တားတား မြတ်သား မရတော့ ။ သူ့ကိုချုပ်နှောင်ထားတဲ့ မြတ်သားလက်ကို ကုန်းကိုက်ကာ လွတ်မြောက်ရန် ကြိုးစားတော့သည် ။ ခေါင်းမာမာ ပေတေတေနဲ့ မမြင်မကန်း လမ်းလျှောက်သွားသည့် ကောင်လေးကို နောက်ကတကောက်ကောက် လိုက်ခေါ်သော်လည်း ကောင်လေးက သူ့ကိုလုံးဝ လှည့်မကြည့် ။

30 days with Mr.Kidnapper (Z+U) ( Completed )Onde histórias criam vida. Descubra agora