ညီရဲ့မျက်လုံးထဲမှာအံသြမူတွေ ကိုယ့်ရဲ့ဘေးကလူနဲ့ရောညီကသိတယ်တဲ့လား...
မျက်ဝန်းထဲမှာအဖြေရှာရခက်နေတဲ့ညီ ဘာတွေကိုတွေးပြီး စိုးရိမ်နေတာလဲ.....'ဟယ်လို Chanyeol မတွေ့တာဘလောက်ကြာပြီလဲ Kaiနဲ့ရော အဆင်ပြေရဲ့လား....'
မျက်ဝန်းထဲမှာတုန်လူပ်မူတွေ ကျနော်ကညီရဲ့မျက်နာကိုတစိမ့်စိမ့်ကြည့်မိလို့တူတယ် ညီဘာဖြစ်နေတာကအစသိနေတော့.....
'အွန်း မတွေ့တာကြာပြီ ကိုကိုနဲ့ကအဆင်ပြေပါတယ်...
မင်းဘလိုလုပ်ဒီပြန်ရောက်နေတာလဲ....'သြရှရှအသံလေးနဲ့မေးနေပုံလေးက တကယ်ကိုရင်ခုန်စေတယ်....
'ဟက် ငါ့ကကိုရီးယားမြေဒီတသက်ပြန်မနင်းတော့ဘူးထင်နေတာလား....'
တုန်လူပ်မူတွေ ညီရဲ့မျက်ဝန်းတွေထဲက....
စိုးရိမ်စိတ်နဲ့....
လက်ကိုသွားကိုင်တော့...'မထိနဲ့....'
အသံအနည်းငယ်ကျယ်သွားတော့ ဆိုင်ထဲကလူတွေက စောင်းကြည့်ကြတယ်...
ခုချိန်မှာဘာမှမတွေးနိုင်ဘူး တောင်းပန်ပါတယ်အကို....
ကိုယ့်ရဲ့အော်သံကြောင့်လန့်သွားတဲ့အကိုက ကြောင်အနေဆဲအခိုက် ထထွက်လာခဲ့တော့တယ်...
Lee Sojungနဲံအကိုနဲ့က ဘလိုလုပ်သိတာလဲ ဘလိုလုပ်ပြန်ရောက်နေတာလဲ...
ဘာလို့ခုမှပြန်လာခဲ့တာလဲ......
Screenပေါ်က ဖုန်းနံပါတ်ကို အသာတချက်နိပ်ရင်း.....'ဟယ်လို.....'
'ဖေဖေ sojungပြန်ရောက်နေတယ်....'
လက်ထဲကဖုန်းကိုကျစ်ကျစ်ကိုင်ရင်း တဖက်ကဖြေသံကိုနားစွင့်မိတယ်.....
'အွန်း ဖေဖေသိတယ်သူ့အရင်လကတည်းကပြန်ရောက်နေတာ....'
'ဘာလို့လဲ ဘာလို့ကျနော်ကိုမပြောတာလဲ....'
'ဘာမှစိတ်မပူနဲ့သား ဖေဖေအကုန်လုံးကိုလက်စဖျောက်ထားတာမလို့ သားစိတ်ပူစရာမလိုဘူး ဟုတ်ပြီလာ...
သားဒီလိုစိတ်ပူနေမှာစိုးလို့ဖေဖေကြိုမပြောတာ....'Chanyeolသက်ပြင်းချပြီး ဖုန်းကိုချပြစ်လိုက်တယ် တုန်ရီနေတဲ့သူ့လက်တွေ အတိတ်ဆိုးတွေ ခေါင်းထဲပြန်ရောက်လာပြီး ဘာကိုမှအာရုံမစိုက်နိုင်ထိုင်ချလိုက်တယ် မွန်းကျပ်လာတဲ့ ရင်ဘတ်ကိုအခါခါထုရင်း အဲ့ကတည်းက အကတည်းကsojongကပျောက်ကွယ်သွားသင့်တာ....
ဘာလို့အရာအားလုံးအတည်တကျ အခြေတကျဖြစ်နေမှ......
.
.
.
.
ကော်ဖီဆိုင်ထဲကနေပြေးထွက်သွားတဲ့ ညီနောက်ကိုအမောတကောအပြေးလိုက်ရှာမိတယ် နောက်ကလူကတော့ ဘာပြောနေလဲမကြားရတော့ ထွက်ပြေးသွားတဲ့ ညီရဲ့မျက်တာက ခုချိန်မှာပြိုလဲတော့မယ့်လူလို...
ခပ်လှမ်းလှမ်းက ကျောပြင်လေး တွေ့ပါပြီ...
တရွေ့ရွေ့အနားကပ်ပြီး ညီရဲ့ နောက်ကျောလေးကို ထွေးပွေ့ချင်စိတ်ကမနည်း....
ဘာကများကြောက်လန့်စေတာလဲ....