Part (7) ♥ Let me know (1) ♥

1.6K 156 12
                                    

ရှောင်​ရှင်းချန်​သည်​ Waitor အား

"ကြက်​ဥ ထမင်း​ပေါင်း ၁၀ ပွဲ​ပေးပါ"

"ဟုတ်​ရပါမယ်​"

ရှောင်​ရှင်းချန်​သည်​ လန်​ရှီချန်​အား

"အစ်​ကိုတို့က အတိတ်​ကလာတယ်​လို့​ပြောခဲ့တယ်​​နော်​?"

"အင်း ​ပြောခဲ့တယ်​"

"အာဆိုရင်​ ကျွန်​​တော့်​နာမည်​ကို ဘယ်​လိုသိလဲ ​ပြောပြလို့ရနိုင်​မလား?"

ထိုစဉ်​ ​ဝေ့ဝူရှမ်းက ​ရှောင်​ရှင်းချန်​ဖက်​သို့ လက်​ညွှန်​ပြ၍ ဝင်​​ပြောလာသည်​။

"​ဒီအစ်​ကိုရဲ့နာမည်​က ​ရှောင်​ရှင်းချန်​မို့လို့​ ​ရှောင်​ရှင်းချန်​လို့သိတာ​လေ"

ရှောင်​ရှင်းချန်​တစ်​​ယောက်​ ​ဝေ့ဝူရှမ်းအား ​ကြောင်​ကြည့်​​နေကာ

"အဲ့လိုမဟုတ်​ဘူး​လေ"

"ဘာမဟုတ်​တာလဲ ငါ​ပြောတာမှန်​တယ်​မဟုတ်​လား လန်​ကျန့်​?"

လန်​ဝမ်​ကျီမှဆိုလာခဲ့သည်​။

"အင်း"

ဝေ့ဝူရှမ်းတစ်​​ယောက်​ အ​ကြောင်းအရင်းမသိရ​သေး၍ ဖွင့်​မ​ပြောချင်သည်​ကို လန်​ရှီချန်​တစ်​​ယောက်​ သ​ဘော​ပေါက်​မိကာ

"ရှင်းချန်​ အဲ့တာက ရှင်းချန်​နဲ့တူတဲ့လူတစ်​​ယောက်​ ​တွေ့ဖူးတယ်​ သူ့နာမည်​လည်း ​ရှောင်​ရှင်းချန်​ပဲ အာ့​ကြောင့်​ သူလို့ထင်​သွားခဲ့တာ"

"aww အဲ့လိုလား? ​တော်​​တော်​တူတာလား?"

လန်​ရှီချန်​သည်​ ပြုံးလိုက်​ရင်း

"အင်း တူတယ်​"

ကျင်းလင်​တစ်​​ယောက်​ ထို​နေရာတွင်​ထိုင်​​နေရင်း ​ခြေ​ဆော့ကာ စားပွဲ​အောက်​​ခြေနားမှ ခလုတ်​တစ်​ခုကို ကန်​လိုက်​မိသည်​။

စားပွဲကို​​ခေါက်​သိမ်းပြီးသားဖြစ်​သွား​သော​ကြောင့်​ စား​ပွဲ​ပေါ် လက်​​မေး​ထောက်​ကာ စကား​ပြော​နေ​သောလူများကို ​ငေးကြည့်​​နေ​သော အိုးရန်​ဇီကျင်းတစ်​​ယောက်​ ​​အောက်​သို့ပြုတ်​ကျသွား​လေသည်​။

♥ ကြမ္မာ​စေရာ ♥ Book (1)Donde viven las historias. Descúbrelo ahora