နုနုရည်အင်းဝ - ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

1.1K 41 4
                                    

နုနုရည်အင်းဝရယ်လို့ DAUM ကို စတင်မိတ်ဆက်ပေးခဲ့တာ ဒီစာအုပ်ကလေးပါပဲ။ အဖုံးကလေးက မြင်လိုက်တာနဲ့ ကောက်ကိုင်ချင်စရာ၊ နာမည်လေးကလည်း ချစ်စရာ မြန်မာ့အငွေ့အသက်အပြည့်လွှမ်းခြုံထားတဲ့ နာမည်လေးမို့ ချစ်မြတ်နိုးလို့ ဝယ်ယူခဲ့တာပါ။ အစက ဒီစာအုပ်ကလေးဟာ တောင်ပြုံးနတ်ပွဲတွေအကြောင်းဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ရိုး အမှန်ပါ။ ရိုးရာနတ်တွေအကြောင်း တီးမိခေါက်မိရှိသလို အိမ်ကလည်း အနည်းငယ် နတ်ရိုးရာကို ယုံကြည်တယ်ဆိုပေမယ့် DAUM ကိုယ်တိုင်ကတော့ ယုံလည်းမဟုတ်၊ မယုံလည်းမဟုတ်၊ အသိအမှတ်ပြုရုံ အခြေအနေပဲ ရှ်ခဲ့ပါတယ်။ ဒီစာအုပ်လေးကို စကိုင်မိတော့ တောင်ပြုံးနတ်ပွဲက အမေအိုတစ်ယောက်အကြောင်းနဲ့ နိဒါန်းပျိုးထားတာနဲ့ ခေါင်းစဉ်နဲ့စပ်လျဉ်းပြီးတွေးရင်း ဒါဟာ လူကြီးနဲ့လူငယ်ကြားက လေးစားရိုသေမှုဆိုင်ရာ ချစ်ခြင်းမေတ္တာဖွဲ့ဝတ္ထုများလားပေါ့။ အထင်နဲ့ တက်တက်စင်လွဲတာပါပဲ။
DAUM ဘဝမှာ တစ်ခါမှ နတ်ပွဲကို မရောက်ဖူးသလို နတ်ကတော်တစ်ယောက်ကိုလည်း အပြင်မှာ မမြင်ဖူးခဲ့ပါဘူး။ သူတို့ရဲ့ အလေ့အထတွေ အပြောအဆိုတွေ ရိုးရာဓလေ့တွေဆိုတာ ဝေးရောပေါ့။ မန္တလေးသူဖြစ်ပေမယ့် တောင်ပြုံးကိုတစ်ခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဒီစာအုပ်ရဲ့ ဇာတ်လိုက်ကျော်ကြီး ဒေစီဂျိန်းကို ချစ်လိုက်တာဆိုတာလေ သူ့ကို အရမ်းချစ်တာပဲ။ သူ့ရဲ့ ပါးစပ်ကြမ်းတာတွေ၊ စောင်းတာတွေ မြောင်းတာတွေ၊ အယုတ္တအန္တ ဆဲတာဆိုတာတွေကအစ အကုန် ချစ်တာ။ ဘယ်လောင်ချစ်လဲဆိုရင် သူငယ်ချင်းတွေအားလုံးကို ဒီစာအုပ် အတင်းဖတ်ခိုင်းတာ။ အားလုံးက ဒေစီဂျိန်းရဲ့ fan တွေဖြစ်ကုန်ရော။ သူ့ရဲ့ စကား "ကြော်သမျှ လှော်သမျှ လင်စားရိတ်နဲ့ ကုန်တာပါပဲအေ" ဆိုတာ အခုထိ သူငယ်ချင်းတွေကြားမှာ ပြောနေရတုန်း။ 

ဒီစာအုပ်လေးမှာ နတ်ကတော်တွေရဲ့ အပြောအဟောတွေ၊ တောင်ပြုံးနတ်ပွဲက ရိုးရာဓလေ့တွေ၊ နတ်ပွဲကျင်းပပုံအစအဆုံးကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဟာသလေးတွေလည်းပါတဲ့အပြင် နတ်ကတော်တွေအချင်းချင်းကြား ရွှေ့တဲ့အကွက်ကလေးတွေကလည်း စာဖတ်သူ မပျင်းစေရပါဘူး။ အပျော်၊ အငို၊ အလွမ်း၊ ဒေါသ အစုံပါတဲ့ စာအုပ်ဟာ ဒီစာအုပ်ပါပဲ။

စာအုပ်စင်Where stories live. Discover now