ပါပီယြန္ - မကၠဇင္ပါပီရဲ႕ ထေရာ္မာမ်ား

2K 40 4
                                    

သိပ္ၿပီး ၫႊန္းစရာမလိုတ့ဲ စာအုပ္တစ္အုပ္ပါ။ ေပါ့ေပါ့ပါးပါးနဲ႔ ဖတ္ရမယ္။ လက္ဖက္ရည္ဆိုင္ထိုင္ရင္း သူေျပာသမွ် နားေထာင္ေနရတ့ဲ အရသာပဲ။ ႏွစ္မ်က္ႏွာသာသာရွိတ့ဲ စာပိုဒ္တိုေတြ၊ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြက ေႏြးေထြးမႈကို ခံစားရတယ္။ တစ္ခ်ိဳ႕ေတြက ၾကည္ႏူးစရာ၊ တစ္ခ်ိဳ႕ေတြက ဝမ္းနည္းစရာ။ တစ္ခ်ိဳ႕က ခ်စ္ျခင္းေမတၱာ တစ္ခ်ိဳ႕က ဟာသ။ ဒီလူ႔နဲ႔ မ်ားလိုက္တ့ဲ အေတြ႕အၾကံဳ သူမို႔ ၾကံဳဖူးပါေလလို႔။ ေခါင္းစဥ္ေတြကအစ စိတ္ဝင္စားစရာ။ ဂစ္တာတစ္လံုးအား စြန္႔လႊတ္ျခင္း၊ မကၠဇင္ပါပီ၊ လယ္သူမေလး ေမာင့္ခ်စ္သူျပန္လာၿပီ။ ညီမေလးနဲ႔ စတင္တ့ဲ စာပိုဒ္ေတြက ကိုယ့္အတြက္ ႏွေမ်ာစရာပါပဲ။ ခ်စ္သူက စားစရာမရွိလို႔ ေဒၚလာ ၂၀ တန္ေလးေတြ အခန္းထဲမွာ အမွတ္တမ့ဲ ထားသြားခ့ဲတ့ဲ သိပၸံပညာရွင္ ညီမေလး။ တစ္အုပ္လံုးၿပီးသြားမွာ ေၾကာက္လို႔ ထပ္ၿပီးဖတ္စရာမရွိမွာ စိုးလို႔ ျဖည္းျဖည္းခ်င္း ေခၽြဖတ္ခ့ဲမိတ့ဲ စာအုပ္ပါပဲ။ သေဘာက်မိတ့ဲ စာသားေလးတစ္ခ်ိဳ႕

လူ႔ဘဝမွာ တစ္ခါတေလက်ေတာ့ တစ္စံုတရာကိုပိုင္ရတာ အရသာျဖစ္သလို တစ္စံုတရာကို စြန္႔လႊတ္လိုက္ရတာလည္း အရသာဆိုတာ ကိုယ္အေသအခ်ာသိခ့ဲတယ္။ ဒါေပမယ့္ တခ်ိဳ႕ဟာေတြက စြန္႔လႊတ္ရတာ မလြယ္လွဘူးရယ္။

(ဂစ္တာတစ္လံုးအား စြန္႔လႊတ္ျခင္း)

ဘဝမွာ အမ်ားႀကီးသိဖို႔ မလိုပါဘူး။ သိတ့ဲနည္းနည္းေလးကိုပဲ အမ်ားႀကီးခံစားတတ္ဖို႔ပဲလိုတာ။

(ငါ့အဘိုး)

Unicode

သိပ်ပြီး ညွှန်းစရာမလိုတဲ့ စာအုပ်တစ်အုပ်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရမယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူပြောသမျှ နားထောင်နေရတဲ့ အရသာပဲ။ နှစ်မျက်နှာသာသာရှိတဲ့ စာပိုဒ်တိုတွေ၊ ဒါပေမယ့် တစ်ချို့တွေက နွေးထွေးမှုကို ခံစားရတယ်။ တစ်ချို့တွေက ကြည်နူးစရာ၊ တစ်ချို့တွေက ဝမ်းနည်းစရာ။ တစ်ချို့က ချစ်ခြင်းမေတ္တာ တစ်ချို့က ဟာသ။ ဒီလူ့နဲ့ များလိုက်တဲ့ အတွေ့အကြုံ သူမို့ ကြုံဖူးပါလေလို့။ ခေါင်းစဉ်တွေကအစ စိတ်ဝင်စားစရာ။ ဂစ်တာတစ်လုံးအား စွန့်လွှတ်ခြင်း၊ မက္ကဇင်ပါပီ၊ လယ်သူမလေး မောင့်ချစ်သူပြန်လာပြီ။ ညီမလေးနဲ့ စတင်တဲ့ စာပိုဒ်တွေက ကိုယ့်အတွက် နှမျောစရာပါပဲ။ ချစ်သူက စားစရာမရှိလို့ ဒေါ်လာ ၂၀ တန်လေးတွေ အခန်းထဲမှာ အမှတ်တမဲ့ ထားသွားခဲ့တဲ့ သိပ္ပံပညာရှင် ညီမလေး။ တစ်အုပ်လုံးပြီးသွားမှာ ကြောက်လို့ ထပ်ပြီးဖတ်စရာမရှိမှာ စိုးလို့ ဖြည်းဖြည်းချင်း ချွေဖတ်ခဲ့မိတဲ့ စာအုပ်ပါပဲ။ သဘောကျမိတဲ့ စာသားလေးတစ်ချို့

လူ့ဘဝမှာ တစ်ခါတလေကျတော့ တစ်စုံတရာကိုပိုင်ရတာ အရသာဖြစ်သလို တစ်စုံတရာကို စွန့်လွှတ်လိုက်ရတာလည်း အရသာဆိုတာ ကိုယ်အသေအချာသိခဲ့တယ်။ ဒါပေမယ့် တချို့ဟာတွေက စွန့်လွှတ်ရတာ မလွယ်လှဘူးရယ်။

(ဂစ်တာတစ်လုံးအား စွန့်လွှတ်ခြင်း)

ဘဝမှာ အများကြီးသိဖို့ မလိုပါဘူး။ သိတဲ့နည်းနည်းလေးကိုပဲ အများကြီးခံစားတတ်ဖို့ပဲလိုတာ။

(ငါ့အဘိုး)

You've reached the end of published parts.

⏰ Last updated: Dec 13, 2019 ⏰

Add this story to your Library to get notified about new parts!

စာအုပ္စင္Where stories live. Discover now